Part-18

12.7K 654 17
                                    

မျက်နှာပေါ်ကျလာတဲ့နေရောင်စူးစူးကြောင့် ရှင်းသန့်နိုးလာခဲ့သည်။ အနောက်ကနေအတင်းဖက်ထားတဲ့နောင့်ကြောင့် ရှင်းသန့်လက်ကိုအသာဖယ်ပြီးထဖို့ပြင်လိုက်သည်။ နောင်နိုးသွားမှာစိုးလို့ဖြေးဖြေးချင်းထပေမယ့် ရှင်းသန့်ထ့်ထလို့မရပေ။

ပြုတ်နေတဲ့အင်္ကျီကြယ်စေ့တွေကိုတစ်လုံးချင်းပြန်တပ်ပြီး ပုဆိုးကိုဝတ်ဖို့ရာကိုင်လိုက်တော့ ရှင်းသန့်အိပ်ချင်စိတ်များပြေသွားကာ မျက်လုံးပြူးသွားရသည်။ ပုဆိုးကတင်းနေတာကြောင့် ရှင်းသန့်လှည့်မကြည့်လည်း ဘာဆိုတာသိနေသည်။ အနောက်ကနောင်ကကိုယ်လုံးတီးဖြစ်နေမှန်းလည်းသူသိသည်။
ဘယ်လိုဖြစ်လို့ ပုဆိုးတစ်ကွင်းထဲကို၂ယောက်ဝင်နေမိတာလဲဆိုတာ ရှင်းသန့်မသိတော့။ ညက နောင့်အလိုကိုဖြည့်ဆည်းပေးရင်း သူလည်းအိပ်ပျော်သွားခဲ့သည်။ မနက်နိုးလာတော့ သူတို့၂ယောက်လုံး ပုဆိုးတစ်ကွင်းထဲကိုရောက်နေသည်။ နောင်ပဲမဝတ်တာလား သူပဲမဝတ်တာလားဆိုတာ သူမစဉ်းစားတတ်တော့။

နောင်တစ်ယောက်နိုးလာပြီး

မျက်နှာကြီးရဲပြီး ရှင်းသန့်ဘယ်လိုထရမလဲဆိုတာ ကြံနေသည်။ ဘယ်လိုပဲလုပ်လုပ် သူထလိုက်တာနဲ့နောင်နိုးသွားမှာသေချာသည်။ သူ နောင်နဲ့မျက်နှာချင်းမဆိုင်ရဲသေးဘူး။ ဒုတိယအကြိမ်ဆိုပေမယ့်လည်း သူရှက်သည်။

"ဝှား!!......"

အနောက်ကနေလှုပ်နေတာသိသည်မို့ နောင်နိုးနေမှန်းရှင်းသန့်သိလိုက်ပြီ။

နောင်တစ်ယောက် နိုးလာတာနဲ့ ဘေးကိုလှည့်ချင်ပေမယ့် လှည့်မရတာကြောင့် ဘေးကိုကြည့်မိတော့ ကျောပေးထားတဲ့ရာရှင်းသန့်ကိုတွေ့ရသည်။ ရာရှင်းသန့်ကအင်္ကျီဝတ်ထားပေမယ့် သူကိုယ်မှာတော့ အဝတ်အစားတစိုးတစိမျှမရှိ။ ညတုန်းကတော့ သူဝတ်ထားပါတယ် ဘယ်လိုဖြစ်ပြီး အောက်ကိုလွင့်ကျသွားလည်းမသိပေ။ သူအထင်ဆို ညဘက်အေးတော့ သူရာရှင်းသန့်ဘေးကိုကပ်လိုက်မိတယ်ထင်တယ်။

နောင်တစ်ယောက် ဖြေးဖြေးချင်းထလိုက်ပြီး ကုတင်အောက်ကျနေတဲ့ပုဆိုးကိုကောက်ယူလိုက်ပြီး ခေါင်းကနေစွပ်လိုက်သည်။ ပြီးသည်နှင့် အမြန်ထကာရှင်းသန့်ပုဆိုးထဲကထွက်လိုက်သည်။ ရှင်းသန့်မှာတော့ မျက်လုံးကိုစုံမှိတ်ပြီး ပုဆိုးစကိုတင်းတင်းဆုပ်ကိုင်ထားသည်။ နောင်ထွက်သွားတာသေချာမှ အမြန်ထပြီး ပုဆိုးကိုသေချာဝတ်လိုက်သည်။

ကျွန်တော် ခင်ဗျားကို မချစ်ဘူး...(Completed)Where stories live. Discover now