Part-32(Uni)

29.5K 2.2K 101
                                    


"ကလေးအဖေဖြစ်တော့မှာဆိုတော့ အလုပ်တွေကြိုးစားနေတာပေါ့လေ.."

"ဒါပေါ့ကွ နောင်နောင်တို့များ နေ့မအားညမအားအလုပ်တွေလုပ်နေတာ...
အိမ်ပြန်ရောက်ရင်လည်းထမင်းဟင်းချက်ရသေးတယ်ကွ.."

အောင်ခန့်ရဲ့စကားကိုကျော်ဇောကထောက်ခံကာပြောလာသည်။

"သူကချက်ပေးပါတယ်ကွာ...
နေ့စေ့လစေ့ဆိုတော့ မလုပ်နဲ့ဆိုပြီးတားထားတာ.."

"သြော် ဟုတ်လား..
အင်း အဲ့တာဆို ကျော်ဇော ဟေ့ကောင် ငါ့ဆေးကအစွမ်းထက်တယ်လို့ဆိုရမှာပေါ့နော်...-

"မင်းအဲ့စကားကိုပြောနေတာ ရာရှင်းသန့်ကိုယ်ဝန်အစရကတည်းက.."

"မင်းယုံကြည်တယ်မလား ငါ့ဆေးရဲ့အစွမ်းကို.."

"တော်စမ်းပါကွာ မင်းတို့ငါ့ဆီကမြိုဆို့ထားတာနဲ့တင်ဆေးဖိုးကျေနေပြီ.."

"ဟေ့ ဟေ့ကောင် မင်းကိုငါတို့ကစေတနာနဲ့ကူညီခဲ့တာနော် မင်းငါတို့စေတနာကိုမစော်ကားနဲ့..

"တော်စမ်းပါကွာ...
ရော့ မင်းတို့အထုတ်တွေယူပြီးပြန်တော့.."

"ကျော်ဇော တွေ့တယ်မလား...
ဒီကောင်စေတနာကိုစော်ကားနေတာ.."

အောင်ခန့်နဲ့ကျော်ဇောဘယ်လိုပဲပြောနေပါစေ နောင်ကတော့ သူ့အလုပ်ကိုသာသူလုပ်နေသည်။

"ဟေ့ မောင်ဖြူဝက်တွေကိုသေချာကြည့်နော်..."

"ဟုတ်ကဲ့ ကိုနောင်..."

"အံမယ်လေး ဝက်သူဋ္ဌေးကြီးကိုနောင်နောင်တို့အိမ်ပြန်တော့မလို့လား.."

"အောင်ခန့် မင်းဒီနေ့ငါ့ကိုစလို့ပြီးတော့မှာလား.."

နောင် မောင်ဖြူကိုမှာစရာရှိတာမှာပြီး အောင်ခန့်ဘက်လှည့်ကာပြောလိုက်သည်။

"ဘာလဲ? မင်းပြန်မလာသေးလို့မင်းရဲ့အကိုစိတ်ပူနေမှာစိုးလို့လား.."

"အေး ငါပြန်မရောက်သေးရင်သူကအမျိုးမျိုးကိုလျှောက်တွေးနေတာ...
အဆုံးစွန်ထိကွာ ငါတုတ်တုတ်များကားနဲ့တိုက်နေမလားဆိုပြီးတော့တောင် သူကလိုက်တွေးနေတာ.."

ကျွန်တော် ခင်ဗျားကို မချစ်ဘူး...(Completed)Where stories live. Discover now