Part-34(Uni)

29.1K 2.2K 176
                                    


"အင်းဟင်း အကို ဟင်း..."

နောင်တစ်ယောက်အဖျားတက်ကာ တခုခုကိုရေရွတ်နေသည်။

"နောင် နောင်ဘာဖြစ်လို့လဲဟင်.."

"ဟင် အကို.."

သူရှေ့မှာထိုင်ကာ သူ့ကိုစိုးရိမ်စိတ်တွေနဲ့ကြည့်နေတဲ့အကို့ကိုတွေ့ရတော့ သူဝမ်းသာသွားသည်။ သူလှဲနေရာကနေ ချက်ချင်းကောက်ထလိုက်ပြီး အကိုနဲ့မျက်နှာချင်းဆိုင်မှာထိုင်လိုက်သည်။

"ကျွန်တော်တောင်းပန်ပါတယ် အကို..
ကျွန်တော့်ကိုထားမသွားပါနဲ့..."

"နောင် ငိုနေတာလား...
မငိုပါနဲ့နောင်ရယ်.."

"ကျွန်တော့်ကိုထားမသွားဘူးမဟုတ်ဘူးလားဟင်...
အကို ကျွန်တော့်ကိုဖြေပေးပါ..."

"ကိုယ်နောင့်ကိုထားမသွားပါဘူး..."

"ကျေးဇူး ကျေးဇူးတင်ပါတယ်အကို.."

နောင် ဝမ်းသာအားရနဲ့ပြေးဖက်လိုက်တော့ လက်ထဲပါလာသည်က အကို့ရင်ခွင်မဟုတ်ဘဲ ဗလာသက်သက်သာ။

"အကို ကျွန်တော့်ကိုမနောက်ပါနဲ့...
ကျွန်တော့်ကိုထားမသွားပါနဲ့အကို ကျွန်တော်တောင်းပန်ပါတယ်.."

အရင်လိုဖက်ထားလို့ရတဲ့ခန္ဓာကိုယ်လေးလည်း သူ့ဘေးမှာမရှိတော့။

"အင်းဟင်း အကို အကို ဟင်း.."

"နောင်နောင် ဟေ့ကောင် နောင်နောင်.."

တကိုယ်လုံးချွေးတွေဖြင့်စိုရွှဲနေတဲ့နောင့်ကို ကျော်ဇောလှုပ်နှိုးလိုက်သည်။

"ချွေးတွေနဲ့ကွာ ဘယ်လိုဖြစ်ရတာလဲ?...
ဟာ ကိုယ်တွေကလည်းပူကျစ်နေတာပဲ...
မင်းအဆင်ပြေရဲ့လား.."

ကျော်ဇောနှိုးလိုက်တော့ နောင်အခုမှနိုးလာသည့်အလား ဘာမှမပြောဘဲ ခေါင်းကိုအောက်စိုက်ထားသည်။

"ကျစ် ဒီလိုနေလို့လည်းဘာမှထူးလာမှာမှမဟုတ်တာကွာ...
ထ မျက်နှာသစ်...
ငါ နီလာ့ကိုဆန်ပြုတ်လာပို့ခိုင်းလိုက်မယ်.."

"ငါမသောက်ချင်ဘူး.."

ပြောပြီး အိပ်ယာပေါ်ပြန်လှဲသွားတဲ့နောင့်ကိုကြည့်ပြီး ကျော်ဇောခေါင်းသာခါလိုက်သည်။

ကျွန်တော် ခင်ဗျားကို မချစ်ဘူး...(Completed)Where stories live. Discover now