Part-31(Uni)

28.8K 2.3K 154
                                    


        ညနေ နေဝင်ဆည်းဆာနဲ့အတူ လေတဖြူးဖြူးတိုက်နေတဲ့ တံတားပေါ်မှာလမ်းလျှောက်နေသောကောင်လေး၂ယောက်။ ချောင်းထဲမှာသွားနေတဲ့လှေလေးများကိုကြည့်ပြီး ရှင်းသန့်တစ်ယောက်ပြုံးနေသည်။

"ဟူး.......
အခုမှပဲအသက်ရှူဝတော့တယ်.."

"ကျုပ်အိမ်မှာခင်ဗျားကိုအသက်မရှူခိုင်းလို့လား.."

ဘေးကနေပြောလာတဲ့စကားသံကြောင့် ရှင်းသန့်ပြုံးလိုက်သည်။

"အဲ့လိုသဘောမျိုးမဟုတ်ပါဘူး...
အိမ်ထဲမှာရှူရတဲ့လေနဲ့ အပြင်မှာရှူရတဲ့လေကလုံးဝမတူဘူး နောင်ရဲ့...
မယုံရင်ဝဝရှူကြည့်လိုက်.."

"အောင်မာ ခင်ဗျားလိုမြို့သားကကျုပ်လိုတောသားပြောရတယ်ရှိသေး.."

"ဟီးဟီး ဟုတ်သား.."

မျက်လုံးများမှိတ်သည်အထိပြုံးပြနေတဲ့ရှင်းသန့်ကိုကြည့်ပြီး နောင်ကိုယ်တိုင်လည်းပြုံးမိသည်။

"နောင် နောင်ယုံသည်ဖြစ်စေ မယုံသည်ဖြစ်စေ ကိုယ်နောင့်ကိုပြောစရာရှိတယ်..."

"ဘာကိုလဲ?.."

ရပ်နေရာကနေ ရှင်းသန့် ထိုင်ချလိုက်သည်။ ရှင်းသန့်ထိုင်ချလိုက်တာကြောင့် နောင်လည်းအတူထိုင်လိုက်သည်။

"မမေနဲ့ကိုကြီးတို့ရဲ့အကြောင်းပါ.."

ရှင်းသန့်ပြောလိုက်တော့ နောင်မျက်နှာပျက်သွားသည်။

"ဆက်မပြောနဲ့တော့.."

"နောင် စိတ်လေးကိုခဏလျှော့ပြီး ကိုယ်ပြောတာကိုနားထောင်ပေးပါ..."

နောင်ဘာမှပြန်မပြောတော့တာမို့ ရှင်းသန့်ဆ့်ဆက်ပြောလိုက်သည်။

"ကိုယ့်မှာညီမလေးရှိတယ် ပြီးတော့ကိုယ့်ဗိုက်ထဲမှာကလေးရှိတယ်...
ကိုယ့်ဗိုက်ထဲကကလေးနဲ့ကိုယ့်ညီမလေးကိုကျိန်ဆိုပြီးကိုယ်ပြောမယ်..
စေ့စပ်ပွဲပျက်တဲ့အကြောင်းက မမေကိုယ်တိုင်ကဖျက်ခဲ့တာ.."

"ဘာ!..."

"ဟုတ်တယ် နောင်...
မမေနဲ့ကိုကြီးက တက္ကသိုလ်တက်ရင်းတွေ့ကြတယ်ပြောတယ်...
ကိုကြီးကမမေကိုလက်ထပ်ဖို့အထိရည်ရွယ်ထားတာ...
မမေကို ကိုယ့်မိဘတွေနဲ့ပါမိတ်ဆက်ပေးထားတာ သူ့အလုပ်ဝင်တာနဲ့လက်ထပ်မယ်ဆိုပြီးတော့...
ကိုကြီးအလုပ်စဝင်တော့ သူ့သဘောတိုင်းဖေဖေတို့ မမေနဲ့စေ့စပ်ပေးခဲ့တယ်...
လက်ထပ်ပေးဖို့အထိပါလုပ်ပေးခဲ့ပေမယ့် မမေကတော့လက်ထပ်ပွဲကို နောက်ဆုတ်ပေးဖို့တောင်းဆိုခဲ့တယ်..."

ကျွန်တော် ခင်ဗျားကို မချစ်ဘူး...(Completed)Where stories live. Discover now