Part-25

11.5K 596 26
                                    


      တစ်ယောက်တည်းဆေးထည့်ပြီး ရှုံ့မဲ့နေတဲ့နောင့်ကိုကြည့်ပြီး ရှင်းသန့်မနေနိုင်တော့။

"နောင် ကိုယ်ထည့်ပေးမယ်.."

ဆေးဘူးကိုယူလိုက်ပြီး နောင်လက်မောင်းကဒဏ်ရာဆီသေချာထည့်ပေးနေသည်။ နောင်လည်းစပ်တာကြောင့် ရှင်းသန့်ကိုမျက်နှာလွှဲထားလိုက်သည်။ သနပ်ခါးကို လက်၃ချောင်းနဲ့ပွတ်ထားပြီးလူးထားတာမို့ နောင့်နှာခေါင်းထဲသနပ်ခါးနံ့ရနေသည်။

"ရာရှင်းသန့့်် ခင်ဗျားအိမ်ကပေးစားတဲ့မိန်းမနဲ့ရဲ့ရရင် ခင်ဗျားဒီလိုပဲလုပ်ပးမှာလား.."

"ဟင် နောင်ကအဲ့တာကိုဘယ်လိုသိတာလဲ?.."

"ဒီလိုပဲကြားတာပေါ့...
ခင်ဗျား ကျုပ်နဲ့သာမရရင် ခင်ဗျားမိဘပေးစားတဲ့မိန်းကလေးကိုယူမှာပေါ့.."

"အင်း ယူဖြစ်ချင်လည်းယူဖြစ်မှာပေါ့...
ကိုယ့်အဲ့မိန်းကလေးကို တခါမှမမြင်ဖူးပါဘူး...
မေမေတို့သဘောတူတဲ့မိန်းကလေးဆိုတော့ ကောင်းတဲ့မိန်းကလေးပဲဖြစ်မှာပါ.."

မြင်တောင်မမြင်ဖူးလိုက်တဲ့မိန်းကလေးတစ်ယောက်ကို အမွှန်တင်နေတာကြောင့် နောင့်မျက်နှာမဲ့ရွဲ့သွားသည်။

"နောင်ကဘာလို့မေးတာလဲ?..."

"မေးချင်လို့မေးတာပေါ့ မေးလို့မရဘူးလား.."

"ရပါတယ်.."

လက်မောင်းမှာစီးကျနေတဲ့ ဆေးရည်တွေကိုသုတ်ပေးနေပြီးပြောနေတဲ့ရှင်းသန့်ကဘေးတစောင်းမို့ ရှင်းသန့်ပါးပြင်ကိုကြည့်ပြီး နောင်သွားတွေယားလာသည်။

ရာရှင်းသန့့်် သူ့အိမ်ရောက်မှ အရင်ကထက်ပိုပြည့်လာသလိုပဲ..

နောင်မနေနိုင်တော့ ဆေးဘူးကိုသေချာသိမ်းနေတဲ့ရှင်းသန့်ရဲ့ပါး၂ဖက်ကို လက်နဲ့ကိုင်ပြီး ကိုက်လိုက်သည်။

"အာ့! အာ့! နောင်.."

ရှင်းသန့်မထင်ထားတာကြောင့် လန့်သွားသည်။ နောင်ကတော့ ပါးတစ်ဖက်ကိုက်ပြီးတာနဲ့နောက်တစ်ဖက်ကိုပါ ကိုက်လာသည်။ ရှင်းသန့်မျက်နှာမှာ သနပ်ခါးများပျက်သွားပြီး သွားရာကြီးထင်သွားလေသည်။

ကျွန်တော် ခင်ဗျားကို မချစ်ဘူး...(Completed)Where stories live. Discover now