Part-28(Uni)

28.2K 2.1K 159
                                    


"ခင်ဗျားကလုပ်ဖို့အားရှိရဲ့လား.."

"ရှိပါတယ်နောင်ရဲ့...
ကိုယ့်မှာခံနိုင်ရည်အားအပြည့်ရှိတယ်.."

ရှင်းသန့်မရှိတဲ့ဗလကိုထုတ်ပြလာတာမို့ နောင်လည်းခေါင်းသာခါလိုက်သည်။

"ပြီးတာပဲ...
ပြီးမှမခံနိုင်ဘူး တော်ပြီဆိုတာလာမပြောနဲ့နော်...
ကျုပ်ကလုပ်မယ်ဆိုလည်းအဆုံးထိလုပ်မှကြိုက်တာ.."

"အင်းပါဆို..
နောင်သာစလိုက်တော့ ကိုယ်အဆင်သင့်ပဲ.."

"ပြီးရော ပြီးရော..."

နောင်ခုံပေါ်တက်လိုက်ပြီး မှီသည့်ကိုင်းများကိုခုတ်လိုက်သည်။ ပြီးသည်နှင့်အောက်ကိုချပေးလာသည်။ နောင်ချပေးတဲ့သစ်ကိုင်းကိုရှင်းသန့်ကအိမ်ရှေ့မှာသွားချလေသည်။

သူ့ဘာသာတစ်ယောက်တည်းလုပ်ပါ့မယ်ဆိုတာကို မရဘူး ဝိုင်းလုပ်ပေးချင်တယ်အတင်းပြောနေတာကြောင့် နောင်လည်းလုပ်ခိုင်းလိုက်ရသည်။

"ဟူး မောလိုက်တာ..."

၃ခေါက်လောက်ပဲမရသေးတယ် ရာရှင်းသန့်တို့ညည်းလေသည်။

"ဘယ်လောက်မှတောင်မမရသေးဘူး ညည်းနေပြီ.."

"ရေဆာလို့နောင်ရာ...
ကိုယ်သွားသောက်လိုက်ဦးမယ်...
နောင်ရောသောက်ဦးမလား.."

"ခပ်ခဲ့လေ..."

"အင်းအင်း.."

လှစ်ခနဲအိမ်ထဲပြန်ဝင်ပြေးသွားတဲ့ရှင်းသန့်ကိုကြည့်ပြီး နောင်ပြုံးလိုက်သည်။ အိပ်ရေးပဲဝလို့လားမသိ တက်ကြွနေတာပဲ..

"အင့် နောင် အရင်သောက်လိုက်ဦး.."

ရေခွက်ကိုလှမ်းပေးလာသည်မို့ နောင်လည်းယူသောက်လိုက်သည်။

"နေပူနေပြီ ခင်ဗျားမလုပ်နဲ့တော့...
လူကိုလည်းကြည့်ဦး ချွေးတွေထွက်နေမြင်မကောင်းဘူး အိမ်ထဲသွားနေတော့.."

"ရပါတယ်နောင်ရဲ့ ကိုယ်အဆင်ပြေပါတယ်...
ရေခွက်ထားပြီးရင် ပြန်သယ်ပေးမယ်နော်.."

ရေခွက်ကိုအမြန်သွားထားပြီး ပြန်ထွက်လာပြီး ကိုင်းတွေကိုသယ်နေသည်က တက်တက်ကြွကြံပင်။ လွန်ခဲ့၁ပတ်ကျော်လောက်ကဖြစ်ခဲ့တဲ့အကြောင်းအရာများကို ရှင်းသန့်ကလည်းပြောမလာသလို နောင်ကလည်းထုတ်မပြောဖြစ်တော့။

ကျွန်တော် ခင်ဗျားကို မချစ်ဘူး...(Completed)Where stories live. Discover now