"နောင်နောင် နောင်နောင်ရေ့..."
အိမ်ရှေ့ကနေခေါ်သံကြားတာမို့ ရှင်းသန့်ထွက်ကြည့်လိုက်တော့ မေမေတို့အရွယ်အမျိုးသမီးတစ်ယောက်ကိုတွေ့ရသည်။
"ဒေါ်ဒေါ်ဘာကိစ္စရှိလို့လဲမသိဘူး.."
"ကန်စွန်းရွက်လာဝယ်တာကွဲ့..
နောင်နောင်ရှိလား..""နောင်အပြင်သွားတယ်.."
"ဟုတ်လား အဲ့တာဆိုဒီမောင်ရင်ကပဲ ခူးပေးလိုက်ပေါ့..
ခူးတတ်တယ်မဟုတ်လား..""ခူးတာကခူးတတ်ပါတယ် ဒါပေမယ့်.."
"ဒါပေမယ့်တွေဘာတွေလုပ်မနေပါနဲ့ လာပါ ကျုပ်ကိုလာခူးပေးချည်.."
သနပ်ခါးထူထူကိုလိမ်းထားပြီး ကွမ်းကိုဝါးကာ ရှင်းသန့်ကိုပြောလာသည်။ ရှင်းသန့်လ့်လည်း ကန်စွန်းရွက်တွေကိုလက်နဲ့တပွေ့ကြီးခူးလိုက်ကာ ဒေါ်ဒေါ့်ကိုပေးလိုက်သည်။
"ဒီမှာ ပိုက်ဆံ.."
ပိုက်ဆံ၂ရာတန်လေးပေးလာသည်မို့ ရှင်းသန့်လ့်လည်းယူလိုက်ပြီး အင်္ကျီအိတ်ကပ်ထဲထည့်ကာ ပြုံးပြလိုက်သည်။
"မင်းက ပြုံးရင်ချောသားပဲကွယ့်..
အဖေနဲ့တူတာလား အမေနဲ့တူတာလား..""မေမေနဲ့တူတယ်လို့တော့ပြောကြတာပဲ ဟီး.."
"မင်းမေမေကတော်တော်ချောမှာပဲ...
ကဲ မောင်လူချောလေး ပျင်းရင်ဒေါ်ဒေါ်တို့အိမ်ဖက်ကိုလာလည်လို့ရတယ်သိလား...
ဒေါ်ဒေါ်တို့အိမ်ကအညာတရာမုန့်လုပ်တယ်ကွယ်...
မင်းကိုအလကားကျွေးမယ် လာခဲ့ ကြားလား...""ဟုတ်ကဲ့ ဒေါ်ဒေါ်...
ကျွန်တော်အညာတရာဆိုတဲ့မုန့်မစားဖူးဘူး တကယ်လာခဲ့မယ်နော်..""အေးအေး လာခဲ့...
အိမ်မသိရင်နောင်နောင့်ကိုပို့ခိုင်း..""ဟုတ်ကဲ့.."
ဒေါ်ဒေါ်ကသူ့ကိုနှုတ်ဆက်ပြီး ကန်စွန်းရွက်ပွေ့ကာ ပြန်သွားလေသည်။
"အဲ့တာဘယ်လောက်ဖိုးရောင်းလိုက်တာလဲ?.."
"သြော် နောင် ဒီမှာလေ..."
နောင့်ရဲ့အသံကြားသည်မို့ နောင့်ဆီမျက်နှာလှည့်ကာ ဒေါ်ဒေါ်ပေးသွားတဲ့၂ရာတန်လေးကိုထုတ်ပြလိုက်သည်။
YOU ARE READING
ကျွန်တော် ခင်ဗျားကို မချစ်ဘူး...(Completed)
Fantasyကိုယ့်ကိုမချစ်ဘူး အကြိမ်ကြိမ်ပြောလည်း ကိုယ်ကတော့ နောင့်ကိုအမြဲချစ်သွားမှာ❣️