"တိုတို တိုတို..."ရောက်လာပြီ ဒီကလေး...
ကလေးအမေကလည်း ကိုယ့်ကလေးကို ကိုယ်မထိန်းဘူးလားမသိဘူး...နောင် စိတ်ထဲကသာပြောလိုက်ပြီး လက်တွေ့မှာတော့ ဘာမှမပြော။
"ရောက်လာပြီးလား သားခန့်.."
"ဟုတ် တိုတို အင့်..."
သားခန့်က ကိုင်လာတဲ့မုန့်ထုပ်လေးတွေထဲက တစ်ထုပ်ကို ရှင်းသန့်ကိုပေးလာသည်။
"အင် ကိုကိုကမအားသေးဘူးရယ်...
သားခန့်ပဲကိုင်ထားပေးနော် လာ ဒီခုံလေးမှာ ကိုကို့ကိုစောင့်နေနော်..""ဟုတ်..."
မဖြူလိမ်းပေးထားတဲ့သနပ်ခါးပါးကွက်ကြားလေးနဲ့သားခန့်ဟာ တကယ့်ချစ်စရာလေးပင်။ ရှင်းသန့်လည်း အသဲတယားယားနဲ့ သားခန့်ရဲ့ပါးလေးကိုနမ်းလိုက်သည်။
"အလုပ်တွေက အချိန်ကြာနေပြီ...
နေပူရင်လည်း မလုပ်နိုင်ဘူးဖြစ်ဦးမယ်..."နောင့်ရဲ့အပြောကို ရှင်းသန့်ဘာမှပြောမနေတော့ဘဲ ကျန်နေသေးတဲ့မြက်တွေကိုရှင်းလိုက်သည်။
"သူများအိမ်ကိုလာလာနေတာ မင်းအိမ်ကမင်းကိုမဆူဘူးလားကွ..."
"ဆူဘူး......ဘဘ ဘဘ ဆိုး..."
"ဘာ!..."
သူ့ကို ဘဘလို့ခေါ်လိုက်တာကြောင့် နောင်တစ်ယောက်ထိုင်နေရာက ထရပ်လိုက်သည်။
"မင်းကို ဘဘလို့ခေါ်ရမယ်လို့ဘယ်သူသင်ထားတာလဲ? ဟမ်...
ငါ့ကိုများ ဘဘတဲ့ ဘယ်သူသင်ထားတာလဲမေးနေတယ်လေကွာ..."နောင့်အသံဟာ တင်းမာနေတာကြောင့် သားခန့်ရဲ့မျက်နှာဟာတဖြည်းဖြည်းမဲ့လာပြီး...
"ဟင့် ဟင့် အီးဟီး တိုတို တိုတို အီးဟီး..."
"သားခန့် တိတ်တိတ် ကိုကိုရှိတယ်...
နောင်ရာ ကလေးကိုဝမ်းနည်းအောင်လို့ အဲ့လိုမျိုးမပြောပါနဲ့...
တိတ်တိတ် ကိုကိုရှိတယ်..."ရှင်းသန့်လ့်လည်း သားခန့်အနားအမြန်သွားကာ ချော့လိုက်သည်။
"ဟင့် ဘဘ ဆိုး ဟင့် ဆိုး..."
"ဟုတ်ပါ့ ဘဘကဆိုးတယ်နော်...
တိတ်တိတ် သနပ်ခါးတွေပျက်ရင်မချောဘဲနေဦးမယ်..."
YOU ARE READING
ကျွန်တော် ခင်ဗျားကို မချစ်ဘူး...(Completed)
Fantasyကိုယ့်ကိုမချစ်ဘူး အကြိမ်ကြိမ်ပြောလည်း ကိုယ်ကတော့ နောင့်ကိုအမြဲချစ်သွားမှာ❣️