Part-36

12.2K 653 38
                                    


"မင်းကိုပိုင်နက်ကျူးလွန်မှုနဲ့တရားစွဲလို့ရတယ်ဆိုတာမင်းသိရဲ့လား.."

"ဖေဖေ နောင်က..."

"မင်းကိုမေးနေတာမဟုတ်ဘူး ရာရှင်းသန့်.."

"ဖေဖေ့!.."

ဖေဖေ့ရဲ့အကြည့်အောက် ရှင်းသန့်ပါးစပ်ပိတ်လိုက်ရသည်။

"မင်းဘာကြောင့်ဒီကိုလာတာလဲ?...
နောက်ပြီး မင်းဘယ်လိုအပေါ်ကိုတက်လာတာလဲ?.."

"ကျွန်တော် ရာရှင်းသန့်နဲ့သားကိုလာခေါ်တာပါ..
ပြီးတော့ ဒီတိုင်းပဲတက်လာတာ..."

"သူခိုးကျင့်သူခိုးကြံနဲ့ ဒါဟာဘယ်လိုလုပ်ရပ်လဲ?.."

"တောင်းပန်ပါတယ်.."

နောင် ထိုမျှသာပြောပြီး ခေါင်းကိုငုံ့ထားသည်။ ရှင်းသန့်ကတော့ သားကိုနိ့တိုက်လိုက် ဖေဖေကိုတလှည့် နောင့်ကိုတလှည့်ကြည့်နေသည်။

"မင်းပြောနိုင်တာ ဒါအကုန်ပဲလား...
မင်းက ငါ့သားနဲ့ငါ့မြေးကိုလာခေါ်တာဆိုတော့ မင်းနဲ့ဘယ်သူကပြန်ထည့်မယ်လို့ပြောလို့လဲ?.."

"ဖေဖေ.."

"မင်းဘာမှဝင်မပြောနဲ့ ရာရှင်းသန့့််..."

"ကျွန်တော်နဲ့ရာရှင်းသန့်ကတရားဝင်လက်ထပ်ထားတဲ့သူတွေပါ...
အဲ့တော့ သူသာလိုက်မယ်ဆို ကျွန်တော့်မှာပြန်ခေါ်ခွင့်ရှိပါတယ်.."

"ဘာ!.."

နောင့်စကားကြောင့် ဦးလင်းသန့်တ့်တစ်ယောက်မတ်တပ်ထရပ်မိသည်အထိပင်။

"ကိုလင်းသန့်ရ့်ရယ် ရှင်စကားကိုဘယ်လိုတွေပြောနေတာလဲ?...
ကလေးတွေတစ်ယောက်နဲ့တစ်ယောက်အဆင်ပြေရင်ပြီးနေကို.."

"မင်းဘာသိလို့လဲ?..
ဒီကောင်က ငါတို့သားအပေါ် နိုင်စားနေတာကို.."

"တောင်းပန်ပါတယ်.."

တောင်းပန်ပါတယ် ချည်းပဲ ပြောနေတဲ့နောင်ကြောင့် ဦးလင်းသန့့်် ပြန်ထိုင်ချလိုက်သည်။

"မင်းကရောပြန်လိုက်သွားချင်လား.."

"ဖေဖေဘာလို့အဲ့လိုမေးနေတာလဲ?...
သမီး ကိုလေးကို သူနဲ့ပြန်မထည့်နိုင်ဘူး.."

ကျွန်တော် ခင်ဗျားကို မချစ်ဘူး...(Completed)Where stories live. Discover now