Part-8(Uni)

29.4K 2.4K 242
                                    

"ဒီနွားနို့ဘူးတွေကဘယ်ကဟာတွေလဲ?.."

ရေခဲသေတ္တာဖွင့်ရင်း နောင်ကမေးလာသည်။

"နေထူးပေးသွားတာ.."

"ဘာ!..."

ရေခဲသေတ္တာကိုဆောင့်ပိတ်အသံနဲ့နောင့်ရဲ့ ဘာဆိုတဲ့အသံကြီးက ဟိန်းစွာထွက်လာသည်။

"ခင်ဗျားနဲ့အဲ့ကောင်ကဘာမို့လို့ ခင်ဗျားကအဲ့ကောင်ပေးတာယူထားတာလဲ?..."

ပန်းကန်ဆေးနေရင်းမို့ လက်သုတ်နဲ့လက်ကိုသုတ်ကာ ရှင်းသန့်အမြန်ထွက်လာသည်။

"သူက စေတနာနဲ့ပေးတာဆိုတော့ ကိုယ်လည်း..."

"ခင်ဗျား ရေလာမြောင်းပေးလုပ်နေတာလား...
ခင်ဗျားကဘာဆိုတာခင်ဗျားမသိဘူးလား..."

"ကိုယ်အဲ့လိုမလုပ်ရပါဘူး..."

"အနေအထိုင်ကိုမတတ်ဘူး...
အဲ့ကောင်နဲ့ရောရောနှောနှောမနေနဲ့...
ကျုပ်ဘယ်လောက်ထိပြောမှ ခင်ဗျားအဲ့ကောင်နဲ့မပတ်သတ်မှာလဲ?..."

"ကိုယ်ကလေးမဟုတ်ဘူးနောင်...
ဘယ်သူကောင်းတယ်ဆိုးတယ်ဆိုတာကို ကိုယ်ကောင်းကောင်းခွဲခြားနိုင်ပါတယ်.."

"သြော် ခင်ဗျားကနေထူးကိုထိတော့ပြန်တောင်ပြောတတ်နေပြီပေါ့...."

"ကိုယ်ပြန်ပြောတာမဟုတ်ဘူး ကိုယ်ကအမှန်တိုင်းပြောတာ...
နေထူးကိုနောင်မကောင်းဘူးဘယ်လောက်ပဲပြောပြော နေထူးကကိုယ့်အပေါ်မှာခင်မင်တဲ့ဆက်ဆံရေးပဲရှိတယ် ကိုယ့်အသားကိုတောင်မထိဘူး...
ပြီးတော့ နေထူးကကိုယ့်ကိုသူငယ်ချင်းလိုခင်တယ်ဆိုတာကိုယ်ယုံတယ်..."

"အေး ခင်ဗျားတို့ဘာသာခင်ချင်ခင်မခင်ချင်နေ...
ကျုပ်အိမ်မှာနေရင် ကျုပ်စကားကိုနားထောင်...
မဟုတ်ရင် ကျုပ်အဆိုးမဆိုမနဲ့.."

ပြောပြီးနောင်က အိတ်ကပ်ထဲမှာထည့်ထားတဲ့အရာတစ်ခုကိုထုတ်လိုက်သည်။ အစိမ်းရောင်အိတ်လေးထဲက ယူလိုက်သည်က ကွမ်းတစ်ရာပင်။ သူ့ရှေ့မှာတင် ပါးစပ်ထဲသချာထည့်ပြသွားကာ သူ့ကိုတစ်ချက်လှည့်ကြည့်ပြီးထွက်သွားလေသည်။

ဒါ သူ့ကိုတမင်အရွဲ့တိုက်သွားမှန်းသူသိတယ်..
နောင်နဲ့စခင်တဲ့အချိန်ကတည်းက ကွမ်းယာမစားဖို့ နောင့်ကိုသူဖြောင်းဖျဖူးသည်။ အဲ့အချိန်က သူပြောတဲ့အတိုင်း နာင်မစားဘူး...
သူဒီကိုရောက်တော့လည်း နောင်စားတာသူမတွေ့ဘူး...
အခုမှ သူ့ကိုအရွဲ့တိုက်ပြီး သူ့ရှေ့မှာစားပြသွားတာ...

ကျွန်တော် ခင်ဗျားကို မချစ်ဘူး...(Completed)Where stories live. Discover now