Part-40(Uni)(Final)

55.1K 2.7K 152
                                    


"နောင်!.."

"ဒီမှာရှိတယ် ဘာလုပ်မလို့လဲ?.."

"နောင့်!.."

"ဟော ဒီမှာရှိပါတယ်ဆိုမှ ဘာလို့အော်ခေါ်နေတာလဲ?...
မေးတော့လည်းပြန်မဖြေဘူး.."

အထဲကအော်ခေါ်ပြီး ဘာမှပြန်မပြောတာကြောင့် နောင်အိမ်ထဲဝင်လိုက်တော့ ရှင်းသန့်က့်ကဗီရိုရှေ့မှာစာအုပ်တစ်အုပ်ကိုဖတ်နေသည်။ ဒီစာအုပ်ကိုသူကောင်းကောင်းသိသည်။ ဒါ သူ့ဒိုင်ယာရီစာအုပ်ပဲ...

"နောင် ဒီစာအုပ်ထဲကနောင်ရေးထားတာတွေကတကယ်ပဲလား.."

"အို ကလေးပဲတစ်ယောက်ရနေပြီ ဘာတွေလာမေးနေတာလဲ?.."

နောင်အိမ်ထဲကထွက်ဖို့ပြင်နေတာကြောင့် ရှင်းသန့်အနောက်ကနေပြေးဖက်လိုက်သည်။

"ကလေးတစ်ယောက်ရလည်းဘာဖြစ်လဲ?....
စာအုပ်ထဲမှာပါတဲ့အကြောင်းအရာတွေကတကယ်ပဲလား.."

"အခုသိတော့ရော ဘာဖြစ်မှာမို့လို့လဲ?...
စာအုပ်ကိုအရင်နေရာတိုင်းသွားပြန်ထားလိုက်...
ကျုပ်ပူလို့အပြင်မှာထွက်ထိုင်ဦးမယ်.."

"နောင်.."

ထွက်မယ်ပြင်နေတဲ့နောင့်ကိုရှင်းသန့်မဖယ်ပေးဘဲ တိုးဖက်ထားလိုက်သည်။

"တကယ်သိချင်တာလား...
ပြောပြမယ် ဒီမှာထိုင်.."

၂ယောက်လုံးဗီရိုကိုမှီကာ ထိုင်လိုက်သည်။

"ပြော ဘယ်အကြောင်းကိုသိချင်တာလဲ?.."

"ကိုယ်တို့စတွေ့တုန်းက ကိုယ့်ကို ကိုကြီးရဲ့ညီဖြစ်နေမှန်း နောင်မသိခဲ့ဘူးဆိုတာတကယ်ပဲလား.."

သူမေးလိုက်တော့ နောင်က ခေါင်းညိတ်လာသည်။

"အင်း စစတွေ့တုန်းကကျွန်တော်မသိခဲ့ဘူး...
အဲ့ဆိုင်က ကျွန်တော့်အကိုဝမ်းကွဲရဲ့ဆိုင်လေ...
ပစ္စည်းတွေလာတင်တိုင်း ဆိုင်မှာခဏထိုင်ဖြစ်တယ်...
တနေ့ကျတော့ အကို ကျွန်တော်ထိုင်နေကျခုံမှာထိုင်နေတာကိုတွေ့လိုက်ရတယ်...
ကျွန်တော်က အစွဲနည်းနည်းကြီးတော့ ထိုင်နေကျခုံမှာပဲ ထိုင်ချင်တာကြောင့် အကို့ကိုပြောပြီး ဝင်ထိုင်ခဲ့တယ်လေ.."

ကျွန်တော် ခင်ဗျားကို မချစ်ဘူး...(Completed)Where stories live. Discover now