Chapter(28) - အသံကျင့်ကြံသူ

6.4K 1.2K 44
                                    

Unicode

အခန်း(၂၈) - အသံကျင့်ကြံသူ

ရှန်ကျစ်ရှန်းရဲ့ ခါးလောက်တောင်မရှိတဲ့ ကလေးလေးက သူ့ရဲ့ဖောင်းကစ်နေတဲ့ မျက်နှာလေးနဲ့ မော့ကြည့်နေကာ ကလေးဆန်ဆန်လေး 'ဖေဖေ' ဟုတစ်ကြိမ်ပြီး တစ်ကြိမ်ခေါ်နေသည်။

သူ့ရဲ့ငိုကြွေးသံက ရှန်ကျစ်ရှန်းအား အသိဉာဏ်မဲ့သွားသည်အထိ ထိတ်လန့်သွားစေသည်မှာ သူငယ်ရွယ်စဉ် အတွေ့အကြုံမရှိတုန်းက ဒီလူသေးသေးလေးကိုများ မွေးခဲ့ဘူးတာလားဆိုပြီး ကြောက်လန့်သွားမိသည်အထိပင်။

ကံကောင်းစွာနဲ့ ရှန်ကျင်းရဲ့ 'ဆွေ့ရှန်း' ဆိုတဲ့ခေါ်သံက သူ့ကိုအာရုံပြန်ရသွားစေသည်။

အကောင်ပေါက်လေးကတော့ စကားပြောနေဆဲပင်။ ရှန်ကျစ်ရှန်းက လက်မြှောက်လိုက်ပြီး သူ့မျက်ခုံးအား ပွတ်သပ်လိုက်မိသည်။ ထို့နောက် စိုးရိမ်စိတ်တစ်ဝက်ဖြင့် ခါးကိုင်းလိုက်ကာ အကောင်ပေါက်လေးရဲ့ အမွှေးပွပွခေါင်းလေးအား ပွတ်ပေးလိုက်၏။

"ကောင်းပြီ, မအော်နဲ့တော့"

သူကရန်ကျင်းကလွဲရင် ဘယ်သူ့ကိုမှ မချော့မော့ခဲ့ဘူးဘူး....ဒီကလေးက အခုမှသေးသေးလေးပဲရှိသေးတာ ရန်ကျင်းကတော့ အဲ့ဒီအချိန်တုန်းက အရွယ်ရောက်ပြီးနေပြီ...ပြီးတော့လည်း အခုသူက ကြီးပြင်းလာပြီဆိုတော့ တစ်ခါတစ်ရံ စိတ်တိုရတာကလွဲရင် တစ်ခြားအသေးအဖွဲကိစ္စတွေကို စိတ်ပူစရာမလိုတော့ဘူး

အကောင်ပေါက်လေးက မြူလွှာများဆိုင်းနေသလိုမျိုး မျက်ရည်များစိုဝိုင်းနေတဲ့ မျက်လုံးကြီးများဖြင့် မော့ကြည့်နေသည်။ သူ့ရဲ့နုနယ်တဲ့ လက်သေးသေးလေးများက ရှန်ကျစ်ရှန်းရဲ့ အင်္ကျီလက်အား ဆုပ်ကိုင်ထားပြီး လွှတ်ပေးချင်စိတ်မရှိပေ။

ရှန်ကျစ်ရှန်းမှာတော့ ခဏတာမှ ဘာလုပ်ရမှန်းမသိဖြစ်သွားသည်။ နောက်ဆုံးမှာတော့, သူကအနေခက်စွာဖြင့်ပင် ကလေးလေးအား ချော့မော့ဖို့ကြိုးစားတော့သည်။ 

"မင်းငါ့ကို ဖေဖေလို့ခေါ်လို့မရဘူး ငါကမင်းဖေဖေမဟုတ်ဘူး ကောင်းကင်ကမှောင်နေပြီ ဘာဖြစ်လို့အပြင်မှာထွက်ပြီး ကစားနေသေးတာလဲ? မင်းကိုငါ ဘယ်ပြန်ပို့ပေးရမလဲသိလား?"

(Completed) ဆရာဖြစ်ရတာမလွယ်ဘူး (ဆရာျဖစ္ရတာမလြယ္ဘူး)Where stories live. Discover now