Chapter-5 (Pink Rose meaning please believe me)
11K 1.6K 74
Zawgyi
ဒန်နာရီ သူရှေ့ရှိအချိုမုန့်များကို စားနေရင်း သူ့အစ်ကိုတို့ကို လာနူတ်ဆက်သည့်လူငယ်တွေ အကဲခတ်နေမိသည်၊သူ့အစ်ကိုအကြီးဆုံး ဆိုရက်စ်ဟာ ငယ်ရွယ်ပေမယ့် မှော်ကျောင်းတော်မှာ အတော်ဆုံးဂျူနီယာကျောင်းသားတစ်ဦးဖြစ်ပြီး သူ့ဒုတိယအစ်ကိုဟာလည်း အစ်ကိုဆိုရက်စ်ခြေရာလိုက်နင်းမည့်လူမျိုးဖြစ်သည်၊ဒါပေမယ့် မှော်ကျောင်းတော်ဟာ အသက်(၁၅)နှစ်ပြည့်မှ တက်ရောက်ခွင့်ရှိသည့်ကျောင်းမျိုးဖြစ်တာကြောင့် အထက်တန်းလွှာသခင်လေး၊သခင်မလေးအများစုဟာ ဆရာခေါ်သင်ကျကာ မှော်ကျောင်းတော်တွေ ပိုမိုတော်လာအောင် လေ့ကျင့်ပေးခံရသည်၊ရှင်းရှင်းပြောရရင် သွေးပြီးသားကျောက်ရိုင်းတုံးကို အရောင်တင်ရုံပဲပေါ့၊
"သခင်လေးဆိုရက်စ် ဒီနှစ်မှာကော ကျောင်းတော်ကကျင်းပမဲ့ပြိုင်ပွဲကို ယှဉ်ပြိုင်ဦးမှာလား" လို့ မေးလိုက်တော့ ဆိုရက်စ်ဟာ သူ့ကိုလာမေးသည့်သခင်လေးကို တစ်ချက်ကြည့်လိုက်ပြီး...
"အင်း ဝင်ပြိုင်ဖြစ်မယ်မထင်ဘူး "လို့ ပြောလိုက်တော့ ထိုသခင်လေးဟာ အနည်းငယ်ဝမ်းနည်းသွားတော့သည်၊ဒါပေမယ့် ဒန်နာရီကတော့ ထိုသခင်လေး အရမ်းဝမ်းသာသွားကြောင်း သိသည်၊သူ့အစ်ကိုဆိုရက်စ်ဟာ အရမ်းတော်လွန်းတာကြောင့် သူတို့အနေနဲ့ဆုမှာ အနိုင်ရရှိမည်မဟုတ်ကြောင်း သိကြသည်၊အခုလို အစ်ကိုဆိုရက်စ်ဝင်မပြိုင်ဘူးဆိုတာ သိတော့ သူတို့အနေနဲ့ ပထမဆုနေရာမှန်းလို့ ရသေးသည်မလား၊
"ဒန်နာရီ ဒီအချိုမုန့်စားကြည့်ပါလား" လို့ ဒုတိယအစ်ကိုဒေ့ကိုးနက်စ် ကမ်းပေးလာသည့် မုန့်ချိုကို သူစိုက်ကြည့်နေမိသည်၊ဒန်နာရီ မုန့်ချိုမစားဖူးချေ၊ ဒါကြောင့် သူစားရမှာ ခပ်အမ်းအမ်းဖြစ်နေပြီး ပန်းကန်ဘေးရှိ ခေါက်ထားသည့်လက်ကိုင်ပုဝါပေါ်တင်ထားသည့် ဇွန်းသုံးချောင်းထဲက ထိပ်ပိုင်းပြားကာ ခပ်ရလွယ်သည့်ဇွန်းအသေးကို သူလှမ်းယူလိုက်ပြီး ကလေးလက်တစ်ဆုပ်စာလောက်ရှိသည့် အချိုမုန့်ကို စစားရန် ​ကြံလိုက်သည်၊ ဒါပေမယ့် သူ စပြီးမစားခင်မှာ သူ့အစ်ကိုဒေ့ကိုးနက်စ်ဟာ ခွက်ဖြူသေးသေးလေးနဲ့ သူရဲ့မုန့်ချိုပေါ် စတော်ရီအရည်အချို့ ဆမ်းပေးနေတော့သည်၊