Chapter -90
3.7K 574 2
Zawgyi
ဒန်နာရီဟာ ကျောင်းဝတ်စုံကို လဲပြီးချိန်မှာ သူ့ရင်ဘက်ပေါ်က ရွှေရောင်တံဆိပ်ပြားကိုကြည့်လိုက်သည်၊
"ဝတ်စုံက ဝတ်ရတာ အဆင်ပြေလား" ဂျော့ဖရေးဟာ ဒန်နာရီရဲ့ပုံစံလေးကို အမြတ်တနိုးစိုက်ကြည့်ရင်း အပြာရောင်နက်ကတိုင်လေးကိုသေချာချည်ပေးလိုက်သည်၊
"ပြေတယ်...ကျွန်တော့်ကိုယ်အတိုင်းနဲ့ကွက်တိပဲ"
"ဝတ်စုံက မှော်အင်းကွက်ကြောင့်ကိုး၊ကျောင်းသားတွေရဲ့ဝတ်စုံတိုင်းမှာ ကာကွယ်ရေးမှော်အင်းကွက်ရေးဆွဲပေးထားပေမယ့် လုံခြုံရေးတော့ မမြင့်မားဘူး" ဂြော့ဖရေးစကားကို ဒန်နာရီကနားထောင်ရင်း သူဟာ ဂျော့ဖရေးရဲ့ကျောင်းဝတ်စုံကို လက်လေးနဲ့ပွတ်သပ်ပေးရင်း ထိုမှော်အင်းကွက်ကို ရှာဖွေလိုက်သည်၊
ဂျော့ဖရေးရဲ့ကျောင်းဝတ်စုံက အနည်းငယ်လင်းလက်လာချိန်မှာ ဒန်နာရီက မှော်အင်းကွက်ကစာလုံးတွေကို စိုက်ကြည့်လိုက်သည်၊
"ဒါက နတ်ဆိုးစွမ်းအားတွေကိုကာကွယ်ပေးတဲ့မှော်အင်းကွက်ပဲ..."
ဂျော့ဖရေးမျက်လုံးများဟာ အနည်းငယ်အံ့အားသင့်မှုများဖြတ်သန်းသွားတော့သည်၊သူ့ရဲ့ဒန်ဟာ ငယ်ရွယ်ပေမယ့် မှော်အင်းကွက်နဲ့ပတ်သတ်ပြီး ပါရမီထူးခြားလှသည်၊ဒါက သူ့ရဲ့အဘိုးကနေတစ်ဆင့် ဒန်နဲ့ပတ်သတ်သမျှကို သူစောင့်ကြည့်ခဲ့ခြင်းကြောင့် သိနေခြင်းဖြစ်သည်၊
ဒါပေမယ့် ဒန်နာရီက သူထင်ထားတာထက်ကို တော်လွန်းအားကြီးနေသည်၊မှော်အင်းကွက်ပညာနဲ့ပတ်သတ်ပြီး ပါရမီရှင်တစ်ယောက်ပဲ၊
"ကျွန်တော်ပြန်ပြုပြင်ပေးနိုင်တယ်...ဒါပေမယ့် တစ်ရက်လောက်တော့ကြာမယ်ထင်တယ်" ဒန်နာရီဟာ ဂျော့ဖရေးဝတ်စုံပေါ်ကမှော်အင်းကွက်ကိုကြည့်ရင်း ပြောလိုက်သည်၊
"ကိုယ်မပြန်ခင်မှာ ထားခဲ့လိုက်မယ်လေ အခုလောလောဆယ် ကိုယ်တို့သွားကြမယ်" ဂျော့ဖရေးက ဒန်နာရီရဲ့လက်လေးကိုဆွဲလိုက်ပြီး အခန်းပြင်ထွက်သွားတော့သည်၊
"ဘယ်သွားမလို့လဲ ကိုကို"
"ကိုကို မင်းကို ကျောင်းပတ်ဝန်းကျင်လိုက်ပြပေးမယ်" ဂျော့ဖရေးစကားကြောင့် ဒန်နာရီလည်း ဂျော့ဖရေးရဲ့လက်ကို ပြန်ဆုပ်ကိုင်လိုက်ပြီးလိုက်ပါသွားတော့သည်၊