Chapter -101
3.1K 468 6
Zawgyi
ဒန်နာရီရဲ့ကျော်ကြားမှုကို အမြင်မကြည်တဲ့သူများစွာလည်းရှိသည်၊တစ်ချို့က ရောက်တာမကြာသေးပဲ စီနီယာတွေရဲ့အလေးပေးမှုကို ရရှိတဲ့ဒန်နာရီကို ကြည့်မရဖြစ်လာတော့သည်၊
လူတစ်ယောက်ကျော်ကြားလာချိန်မှာ အကောင်းနဲ့အဆိုးက ဒွန်တွဲပါလာတတ်တာပဲလေ၊ဒန်နာရီလို ကျောင်းကိုရောက်တာမကြာသေးတဲ့သူက ကျောင်းတော်ကို ကိုင်လှုပ်နိုင်တဲ့အထိ ကျော်ကြားတဲ့သူတွေထဲမှာ မသိမသာပါလာတဲ့အပြင် နောက်တစ်ချက်ကတော့ ဂျော့ဖရေးကြောင့်သာဖြစ်သည်၊
ဂျော့ဖရေးက ကျောင်းတော်မှာတင်မကဘူး စစ်မြေပြင်မှာကျော်ကြားထိုက်တဲ့ဓားသူရဲကောင်းတစ်ဦးလို့ဆိုရလိမ့်မည်၊ဒါပြင် အရင်တစ်ခါတိုက်ပွဲမှာတည်းက ဂျော့ဖရေးရဲ့ဂုဏ်သတင်းကကျော်ကြားခဲ့ပြီး တချို့သောယောကျာ်းချင်းသဘောကျတဲ့အမျိုးသားလေးများနဲ့အမျိုးသမီးတွေဆီက သဘောကျနှစ်ခြိုက်ခံရသူဖြစ်သည်၊ဒါကြောင့် ဒန်နာရီက ဂျော့ဖရေးရဲ့ချစ်သူအနေနဲ့ပေါ်လာချိန်မှာ သူတို့ကမှ ဂျော့ဖရေးနဲ့ထိုက်တန်ပြီး ဘာမှမသိနားမလည်တဲ့ကျောင်းသားသစ်တစ်ဦးက ဂျော့ဖရေးနဲ့မထိုက်တန်ဘူးသတ်မှတ်ထားကြသည်၊
ဒါပေမယ့် ဒန်နာရီရဲ့ကျော်ကြားမှုက သူတို့မျက်နှာတွေကို ဖြတ်ရိုက်လိုက်သလိုပင်၊ဒန်နာရီက ကျောင်းတော်ရဲ့အစောင့်အရှောက်တွေထဲက ပထမဆုံးကျောင်းတော်ရဲ့အစောင့်အရှောက်ဖြစ်တဲ့သခင်ကျားဖြူကြီးဆီကနေ ရွေးချယ်ခံခဲ့ရသည်၊ပြီးတော့ သုံးမြွှာမှော်ဆရာဖြစ်ပြီး Spiritထိန်းကျောင်းသူတွေထဲမှာ လူတိုင်းလိုချင်တပ်မက်တဲ့Kingအဆင့် spiritသုံးကောင်ကိုပါ ပိုင်ဆိုင်ထားသေးသည်၊
(A/N:သူတို့က ဒန်နာရီမှာ spiritsသုံးကောင်ပဲရှိတယ်ထင်နေတာ)
အခုတော့ စီနီယာတွေဆီကနေ အမွှမ်းတင်ချီးကျူးစကားတွေပါ ကြားလာရတော့သည်၊ဒါက နေရာတိုင်းပင်၊
ကျောင်းတော်ရဲ့ကျောင်းအုပ်ကြီးအခန်းထဲမှာတော့ အရှိန်အဝါကြီးမားပေမယ့် ကြင်နာတဲ့မျက်နှာနဲ့အဘိုးအိုကြီးတစ်ဦးထိုင်နေပြီး ဘေးမှာလည်း လူငယ်တစ်ဦးဟာ လက်ဖက်ရည်အေးဆေးသောက်နေတော့သည်၊