Chapter -26
7.2K 1K 25
Zawgyi
နောက်တစ်နေ့ရောက်တော့ သူ့ဖခင်ဆီကနေ ဒန်နာရီဟာ လာဖို့အမို့ပေးခံလိုက်ရသည်၊ဘာကြောင့်ခေါ်လဲ တွေးစရာပင်မလိုအပ်ပေ၊ဒါပေမယ့် ဒန်နာရီအခန်းပြင်ထွက်လိုက်သည်နဲ့ သူရဲ့ဒုတိယအစ်ကိုဒေ့ကိုးနက်စ်ဟာလည်း နံရံကိုမှီကာ ရပ်ကာ ဒန်နာရီကိုစောင့်နေတော့သည်၊
"အစ်ကိုဒေ့ကိုးနက်စ်" ဒန်နာရီ မျက်လုံးဝိုင်းဝိုင်းလေးတွေနဲ့မော့ကာကြည့်ရင်းခေါ်လိုက်သည်၊ဒေ့ကိုးနက်စ်ဟာလည်း သူ့ညီငယ်လေးကို မြင်တော့ နူတ်ခမ်းများဟာ ပြုံးသွားပြီး သူ့ညီငယ်ကို ကောက်ကာပွေ့ချီလိုက်သည်၊
"ကျွန်တော်က လေးတယ်..." ဒန်နာရီဟာ တိုးတိုးလေးနဲ့ပြောလိုက်တော့ အစ်ကိုဒေ့ကိုးနက်စ်ဟာ ကျယ်လောင်စွာရယ်မောလာပြီး
"ဒန်နာရီကို ကိုကိုတစ်နေကုန်ချီနိုင်တယ် ဒါကြောင့် စိတ်မပူနဲ့" လို့ပြောလိုက်တော့ ဒန်နာရီလည်း ခေါင်းညိတ်ကာလက်ခံလိုက်သည်၊သူရဲ့စိတ်ဟာ လူငယ်တစ်ယောက်လိုဖြစ်နေပြီး ဆယ်သုံးနှစ်အရွယ်ကလေးတစ်ယောက်ဆီက ချီခံထားရသည်မှာ နေရခက်လှသည်၊ဒါပေမယ့် ပြောလေရှုပ်လေဖြစ်မည်ဆိုးတာကြောင့် ဒန်နာရီဟာ တိတ်တိတ်သာနေလိုက်တော့သည်၊
"အဖေက ဒန်နာရီကိုခေါ်ခိုင်းလိုက်တာမလား ကိုကိုလည်းလိုက်ခဲ့ပေးမယ်" ဒေ့ကိုးနက်စ် သူ့အဖေကို မယုံကြည်တာမဟုတ်ပေမယ့် ကလီနာကြောင့် မျှတစွာမဆုံးဖြတ်သည့်သူ့အဖေရဲ့စိတ်ဓာတ်ကြောင့် နောက်တစ်ကြိမ် ဒန်နာရီပေါ် ဆိုးဝါးစွာဘက်လိုက်ဆုံးဖြတ်မည်ကိုမလိုလားပေ၊
အစ်ကိုဆိုရက်စ်ကလည်း ကလီနာရှိနေသ၍ ဒန်နာရီနားမှာသာနေရန် ကတိတောင်းခံထားကြောင့်ရော သူကိုယ်တိုင်က သူ့ညီငယ်လေးကို ထိခိုက်မှုမရှိစေချင်အောင် ကာကွယ်ချင်တာလည်း ပါသည်၊
ဒေ့ကိုးနက်စ်နဲ့ဒန်နာရီဟာ ချာမက်လက်စ်ရဲ့ရုံးခန်းထဲကို ရောက်တော့ ကလီနာနဲ့အန်ဒီးယားရှိနေသည်ကို တွေ့လိုက်ရသည်၊​ဒေ့ကိုးနက်စ်ဟာ ကလီနာကို တစ်ချက်စူးစိုက်ကြည့်လိုက်ပြီးနောက်မှာ ဒန်နာရီကို ဆိုဖာပေါ်တင်လိုက်သည်၊ထိုနောက်မှာ သူပါဝင်ထိုင်လိုက်ပြီး  ဒေ့ကိုးနက်စ်ဟာ သူရဲ့ဖခင်ကို ကြည့်လိုက်ပြီး