Chapter -57
5.8K 890 21
Zawgyi
စာရေးဆရာရှင်းပြချက်
ကျွန်တော်ရေးထားတဲ့အမတ်ကြီးရဲ့အပယ်ခံသားဟာ မှော်စွမ်းအင်အသုံးပြုတဲ့စိတ်ကူးယဉ်ကမ္ဘာကို အခြေပြုထားတာကြောင့်ဖြစ်ပြီး အချို့သောမျိုးနွယ်ဝင်များစွာလည်း ပါဝင်ရေးသားထားတယ်၊
ဥပမာ နေ့ဘီလူးမျိုးနွယ်၊ညဘီလူးမျိုးနွယ်၊နတ်မျိုးနွယ်၊
နေ့ဘီလူးမျိုးနွယ်က ရွှေအိုရောင်ဆံပင်များပိုင်ဆိုင်ထားပြီး သူတို့မျက်ဝန်းတွေဟာလည်း ရွှေနီရောက်ဘက်သန်းကာ သာမန်လူသားတွေထက် လူကောင်ပိုထွားပြီး ကြီးထွားမှုမြန်ကာ ခန္ဓာကိုယ်သန်မာလှတဲ့မျိုးနွယ်တွေဖြစ်သည်၊သူတို့ရဲ့စွမ်းအင်အများစုဟာ အော်ရာဖြစ်ပြီး အခြားမျိုးနွယ်တွေကို ဖိအားပေးနိုင်ကြသည်၊ဒါ​ပေမယ့် သူတို့မှာလည်း အားနည်းချက်များစွာရှိပြီး အကြီးမားဆုံးအားနည်းချက်ဟာ အမှောင်ထုရဲ့စိုးမိုးမှုကိုအလွယ်တကူ ခံရခြင်းဖြစ်သည်။
ညဘီလူးမျိုးနွယ်တွေကလည်း နေ့ဘီလူးမျိုးနွယ်တွေလိုပဲ ခန္ဓာကိုယ်သန်မာကာ ကိုယ်ခံအားမြင့်မားကြသူတွေဖြစ်ပြီး သီးသန့်နေထိုင်တဲ့မျိုးနွယ်စုတစ်စုဖြစ်ပြီး အမှောင်စွမ်းအင်ဒဏ်ကိုခံနိုင်ရည်ရှိကာ အဖျက်စွမ်းအားဓာတ်ပြုစွမ်းအင်များနဲ့မွေးဖွားလာတဲ့မျိုးနွယ်စုတစ်စုဖြစ်သည်၊သူတို့မှာ ထူးထူးခြားခြားအားနည်းချက်မရှိပေမယ့် အကြီးမားဆုံးအားနည်းချက်ကတော့ သစ္စာရှိလွန်ခြင်းဖြစ်ပြီး သစ္စာစောင့်သိပြီဆိုရင် တစ်ဖက်ကလူက သူတို့ကို သေခိုင်းရင်လည်းသေမည့်သူတွေသာဖြစ်သည်၊
------------
Chapter -57 (သောတပိုင်တောအုပ်ထဲက နတ်သူငယ်ကျောက်တိုင်)
ဒန်နာရီတို့အဖွဲ့ဟာ ဟျူးယာတို့အဖွဲ့နဲ့ပူပေါင်းကာ နေရာကူးပြောင်းရေးယန္တာရားကနေတစ်ဆင့် အီရှုရယ်အင်ပါယာနယ်စပ်မြို့ဆီကို ရောက်ရှိလာတော့သည်၊နေရာကူးပြောင်းရေးယန္တရားတွေဟာ နယ်စပ်မြို့ထိပဲ သွားခွင့်ရတာ မထူးဆန်းပေ၊ အင်ပါယာတိုင်းဟာ တစ်တိုင်းပြည်နဲ့တစ်တိုင်းပြည် မယုံကြည်ကြသည်ကိုး၊
ဒန်နာရီတို့အဖွဲ့ အီရှုရယ်အင်ပါယာနယ်စပ်ကနေ အီရှုရယ်မြို့တော်ထိကို ခရီးစပ်ရမှာဖြစ်ပြီး သောတပိုင်တောအုပ်ကိုသွားဖို့ဆိုတာ အီရှုရယ်တော်ဝင်မျိုးနွယ်တစ်ဦးလိုက်ပါမှ ရမည့်ကိစ္စပင်၊