Chapter -68
4.1K 705 7
Zawgyi
ဒန်နာရီဟာ ရှေ့ကမြင်ကွင်းကို ရပ်ကြည့်နေတော့သည်၊ဒီမြင်ကွင်းက အတိတ်ဘဝတုန်းက သူရဲ့နောက်ဆုံးအချိန်ပင်၊
ထိုတုန်းက ဘာကြောင့်ရယ်မသိ သူ့အစ်ကိုတွေဟာ သူ့ကို မုန်းတီးခဲ့ပြီး သတ်ဖြတ်ချင်ခဲ့သည်၊ဒါပေမယ့် ဒီတံခါးချပ်ဟာ သူဖြစ်ပျက်ခဲ့သည့်အတိတ်ကိုပြသပေးရုံသာမက ရှုထောင့်မျိုးစုံကို ပြသပေးတာကြောင့် ဒန်နာရီဟာ ဖြစ်ကြောင်းကုန်အင်ကို နားလည်လာတော့သည်၊
ကလီနာဟာ နတ်ဆိုးတွေနဲ့ပူပေါင်းခဲ့ပေမယ့် ဒီဘဝကအတိုင်း ပထမသခင်လေးနဲ့ဒုတိယသခင်လေးတို့မိခင်ကို စွပ်စွဲချက်တင်ခဲ့သည်၊အရာအားလုံးဟာလည်း ကလီနာအစီအစဉ်အတိုင်းဖြစ်ခဲ့ပြီး ကလီနာဟာ သူတော်ကောင်းယောင်ဆောင်ပြီး ပထမသခင်​လေးဆိုရက်စ်နဲ့ဒုတိယသခင်လေး​ဒေ့ကိုးနက်စ်တို့ရှေ့မှာ မားမားမတ်မတ်ရပ်ပြခဲ့ပြီး ဒီဖြစ်စဉ်ဟာ ကလေးနှစ်ယောက်နဲ့မပတ်သတ်ကြောင်း ရဲရင့်စွာပြောပြခဲ့သည်၊
ဒီကိစ္စကို ဒန်နာရီ မကြုံခဲ့ပေ၊ဒါက မထူးဆန်းပါဘူး၊ထိုအချိန်က အခြားသူတွေရဲ့အရေးကိစ္စကို ဒန်နာရီ အာရုံမစိုက်နိုင်ဖြစ်ခဲ့တာကိုး၊
"မင်းက တော်တော်စိတ်ပျက်စရာကောင်းတာပဲ ဒန်နာရီ!" ဝိညာဉ်ဒန်နာရီဟာ ထွက်ပေါ်လာတဲ့အသံကြောင့် သူရဲ့မျက်လုံးများကို ပင့်ကာကြည့်လိုက်သည်၊အိုလီဘာရင်ခွင်ထဲမှာ အန်ဒီးယားဟာ ကြောက်ရွံ့ထိတ်လန်နေတဲ့ယုန်ငယ်လေးလို ငိုယိုနေပြီး အိုလီဘာဟာ ဒန်နာရီကို မုန်းတီးစွာစိုက်ကြည့်ရင်း အေးစက်သောလေသံဖြင့်ပြောလာတော့သည်၊
ထိုနောက်မှာ လူတစ်ယောက်ဟာ ဒန်နာရီတို့ကြားရောက်လာကာ ဒန်နာရီကို ဓားနဲ့ချိန်လာတော့သည်၊
"ဆရာရီစဲလ်" ဒန်နာရီရဲ့မှေးမှိုန်မှိုင်းနေတဲ့မျက်လုံးများဟာ အနည်းငယ်အံ့အားသင့်သွားတော့သည်၊ဝိညာဉ်ဒန်နာရီဟာ ရီစဲလ်ကို အေးစက်စွာစိုက်ကြည့်ခဲ့သည်၊ထိုလူနဲ့သူဟာ စစ်ပွဲပေါင်းများစွာ တူတူကျော်ဖြတ်ခဲ့ပေမယ့် ထိုလူကတော့ အန်ဒီးယားပေါ်သာ သစ္စာခိုင်မြဲခဲ့သည်၊ဘာကြောင့်လဲဆိုတော့ အန်ဒီးယားဟာ ရီစဲလ်ကို သူရဲ့အသက်ကိုစွန့်ကာ ကယ်တင်ခဲ့ဖူးတာကြောင့် ဖြစ်သည်၊