Chapter -53
6K 847 5
Zawgyi
တစ်လုံးတည်းသောကြယ်၊
မဆုံနိုင်တဲ့ပန်းနှစ်ပွင့်၊
မရပ်တန့်နိုင်သောအေးချမ်းမှု၊
မကုန်ဆုံးနိုင်သော လောဘတရား
ပျောက်ဆုံးနေသော ဒဏ္ဍာရီ၊
သရဖူပစ်သောဘုရင်၊
မိုက်မဲသောနတ်သူငယ်၊
သက်ဝင်လာတဲ့အရှင်။
-*-*-*
မြို့စားမင်းမက်စ်ရဲ့အစီအစဉ်တိုင်း ဒန်နာရီဟာ ရစ်နိုလ်တို့အဖွဲ့နဲ့ရေးလ်ကို ခေါ်ဆောင်သွားတော့သည်၊ရေးလ်ဟာ ဒန်နာရီရဲ့အစောင့်ရှောက်ဖြစ်သလို လက်တွေ့လေ့ကျင့်မှုတွေလည်း လိုအပ်တာကြောင့် ခေါ်လာခြင်းဖြစ်သည်၊
ဒန်နာရီတို့ဟာ ယူနိုရက်စ်နယ်မြေကနေ ထွက်ခွာလာပြီး တောအုပ်ကြီးကို ဖြတ်လာတော့သည်၊ဒီတောအုပ်ထဲမှာ နတ်ဆိုးသားရဲတွေဟာ ပေါများပေမယ့် အတွေးအကြုံရင့်ကာကျွမ်းကျင်လှတဲ့ရစ်နိုလ်တို့လက်အောက်မှာ ဘယ်နတ်ဆိုးသားရဲမှ အသက်ရှင်စွာ မထွက်ပြေးနိုင်ကြပေ၊ဒန်နာရီကတော့ ရေးလ်ရဲ့လုပ်နိုင်စွမ်းဟာ သူထင်ထားတာထပ် သာလွန်နေတာကြောင့် အနည်းငယ်တော့ အံ့အားသင့်သွားသည်၊ထင်သည့်အတိုင်ပင် ရေးလ်ကို ဒန်နာရီဟာ စောစွာတွေ့ခဲ့ပြီး သင့်တော်တဲ့နေရာမှာထားလိုက်ချိန်မှာ ရေးလ်ဟာ ဓားသူရဲကောင်းအဖြစ်မွေးဖွားလာတဲ့သူလိုပင်၊ရစ်နိုလ်တို့ကလည်း ရေးလ်ရဲ့ထက်မြက်ပြီး တွန့်ဆုတ်မှုမရှိတဲ့တိုက်ခိုက်မှုတွေကြောင့် ချီးကျူးနေကြတော့သည်၊
ရေးလ်ကတော့ တည်ငြိမ်သောမျက်နှာထားနှင့် တိုက်ခိုက်နေပြီး အခြားသူတွေဆီကထက် တစ်ဦးတည်းသောထိုလူဆီကသာ ရေးလ်ဟာ အသိအမှတ်ပြုခံချင်သည်၊​ရေးလ်ရဲ့တိုက်ခိုက်မှုဟာ ပိုမိုသွက်လက်ကာ နတ်ဆိုးသားရဲတွေကိုပင် ကြောက်လန့်တကြားထွက်ပြေးသွားစေတော့သည်၊
"အလင်းစွမ်းအားလား..." ရေးလ်ဆီက ထွက်ပေါ်လာတဲ့စူးရှရှအလင်းရောင်ကြောင့် နတ်ဆိုးသားရဲတွေ ထွက်ပြေးသွားခြင်းဖြစ်သည်။
"မဟုတ်ဘူး ရွေးချယ်ခံလိုက်ရတဲ့ဓားသူရဲကောင်းပဲ" ဒန်နာရီဟာ အံ့အားသင့်စွာပြောလိုက်သည်၊ရွေးချယ်ခံဓားသူရဲကောင်းတွေဟာ အလင်းသူတော်စင်တွေလို အလင်းစွမ်းအားကို အသုံပြုနိုင်သူတွေဖြစ်သည်၊ သူတို့ဟာ သူတို့ရဲ့လက်နက်ကြားခံတော့ လိုအပ်ပေမယ့် နတ်ဆိုးသားရဲတွေကိုရော ပြိုင်ဘက်တွေကို တိုက်ခိုက်သည့်နေရာမှာ ကြောက်စရာအကောင်းဆုံးပြိုင်ဘက်တွေဖြစ်ပြီး ဓားကိုင်ဖို့မွေးဖွားလာတဲ့သူပင်၊