Chapter-89
4K 560 5
Zawgyi
"လုံလောက်လား..."
ဒန်နာရီဟာ အန်ဒီးယားကို ကြည့်ရင်းမေးလိုက်သည်၊အန်ဒီးယားရဲ့မျက်နှာဟာ ဆူပုတ်သွားပြီး ဒန်နာရီကို စိုက်ကြည့်လိုက်သည်၊
"ဒါက Kingအဆင့် spiritသားရဲတွေမလား"ကျောင်းသားတွေကလည်း အားကျစွာပြောလာတော့သည်၊ကျောင်းတော်မှာ spiritထိန်းကျောင်းသူဟာ အရမ်းမပေါများပေမယ့် ရှားပါးတဲ့ထဲလည်း မပါဝင်နေချေ၊ဒါပေမယ့် လူအယောက်တစ်ထောင်မှ တစ်ယောက်သာ ထိုစွမ်းအားတဲ့မွေးဖွားပေးလာတတ်ကြသည်၊
အန်ဒီးယားဟာ လက်မခံချင်ပေမယ့် သူဟာ စိတ်ကိုလျော့လိုက်ပြီး အပြစ်ရှိသလိုအမူအရာမျိုးနဲ့ဒန်နာရီကိုကြည့်လိုက်ပြီး တောင်းပန်လိုက်သည်၊
"တောင်းပန်ပါတယ် ကိုကိုဒန်နာရီ...ကျွန်တော်က ကိုကို့ကို စိုးရိမ်လို့ပါ...တော်ကြာ မကောင်းတဲ့လုပ်ရပ်တွေကို မိခဲ့ရင် ကိုကိုရောအိမ်တော်ရောအတွက် မကောင်းဖြစ်မှာစိုးလို့ပါဗျ"အန်ဒီးယားစကားကြောင့် အီရှဟာ လှောင်ရယ်သလို ပြုံးတက်သွားတော့သည်၊သူဟာ ဒန်နာရီဘက်ကိုကြည့်လိုက်ပြီး ဒန်နာရီဘာပြောမလဲ စောင့်လိုက်သည်၊
ဒန်နာရီဟာ အန်ဒီးယားစကားကြောင့် အန်ဒီးယားကိုတစ်ချက်ကြည့်လိုက်ပြီး မေးလိုက်သည်၊
"ငါ့ရဲ့အင်အားက ငါ့ရဲ့အိမ်တော်ကို သိက္ခာကျစေမှန်းမသိခဲ့ဘူး...မင်းက အရမ်းတွေးပေးတတ်တာပဲ...ညီငယ်​လေး"
"ဒါပေမယ့်... မင်းပြောကြည့်လေ ငါက ဘယ်လိုမကောင်းတဲ့လုပ်ရပ်တွေ လုပ်မိနိုင်လို့လဲ...ပြီးတော့  ငါ့ညီငယ်လေးမှာ မှော်စွမ်းအင်နဲ့ပတ်သတ်ပြီး အခြေခံဗဟုသုတမရှိဘူးထင်တယ်..." ဒန်နာရီစကားကြောင့် အန်ဒီးယားဟာ ဒေါသထွက်သွားတော့သည်၊သူဟာ အခုချက်ချင်း ဒန်နာရီမျက်နှာကိုဆွဲကုတ်လိုက်ချင်ပေမယ့် အခြားသူတွေလည်းရှိနေတာကြောင့် ခေါင်းကိုငုံ့လိုက်ပြီး ထပ်တောင်းပန်လိုက်သည်၊
"ကျွန်တော်က တကယ်စိတ်ပူပြီး ပြောမိလိုက်တာပါ အစ်ကိုက ကျွန်တော့်အပေါ် အဲ့လိုတွေးလိမ့်မယ် မထင်မိဘူး"
အန်ဒီးယားစကားကြောင့် ဘေးရှိ အီရှတို့ပင် အော့အန်ချင်လွန်းလို့ ရှုပ်မဲ့သွားတော့သည်၊အန်ဒီးယားရဲ့ခြေလှမ်းတွေကိုသာ မသိရင်တော့ သူတို့က တကယ်မျောမိမှာသေချာတာတော့ အမှန်ပေ၊