Chapter-79
4.8K 724 13
Zawgyi
ယနေ့မှာတော့ မြို့စားမင်းရက်စ်ထရစ်ရဲ့အိမ်တော်ဟာ အလွန်စည်ကားနေပြီး အဆင့်အတန်းမြင့်မားလှတဲ့လှည်းယာဉ်တွေဟာလည်း မြို့စားမင်းရက်စ်ထရစ်ရဲ့ခြံတော်ရှေ့ တစ်လှည်းပြီးတစ်လှည်းရပ်လာကာ အထက်တန်းလွှာလူတန်းစားတွေဟာ လှည်းထဲကနေ ဒေါင်းပျိုလေးများလို ဆင်းလာကြတော့သည်၊
ထိုချိန်မှာပဲ ဂျော့ဖရေးရဲ့လှည်းယာဉ်နဲ့မြို့စားမင်းမက်စ်ရဲ့လှည်းယှဉ်တွေဟာ ရှေ့ဆင့်နောက်ဆင့်ရောက်လာပြီး ခြံတော်ဝန်းထဲကိုမောင်းနှင်လာကြတော့သည်၊
"ဒါ မြို့စားမင်းမက်စ်ရဲ့အလံတော်ပဲ... အနောက်ကလှည်းက မင်းသားဂျော့ဖရေးရဲ့လှည်းယာဉ်ထင်တယ်..."
"နတ်မြင်းတွေပဲ!အံ့သြစရာကောင်းလိုက်တာ!" လူတိုင်းဟာ လှည်းယာဉ်တွေကိုအားကျစွာကြည့်နေတော့သည်၊နတ်မြင်းတွေဟာ ရွှေရောင်လှည်းယာဉ်နဲ့လှပခမ်းနားစွာတည်ရှိနေသလို မြို့စားမင်းမက်စ်ရဲ့အနက်​ရောင်လှည်းယာဉ်ကြီးရှေ့ရှိချိတ်ဆွဲထားတဲ့သားရဲနှစ်ကောင်ဟာလည်း ကြောက်စရာကောင်းတဲ့အရှိန်အဝါတွေပေးနေတော့သည်၊
"အဲ့တာ ဘာသားရဲကြီးတွေလဲ..." အထက်တန်းလွှာလူတန်းစားတွေဟာ ပြင်ပလောကကိုထွက်ကာစွန့်စားတဲ့သူဟာ ရှားပါးလှတာကြောင့် မက်စ်ရဲ့သားရဲတွေကို မသိတာမဆန်းကျယ်ကြပေ၊
မြို့စားမင်းရဲ့မက်စ်သားရဲကြီးတွေဟာ 'ဂိုရာ'လို့ခေါ်တဲ့နဂါးသွေးပါတဲ့ကျားတစ်ပိုင်းငှက်တစ်ပိုင်းသားရဲကြီးတွေဖြစ်တယ်၊ဂိုရာသားရဲကြီးတွေဟာ ဒဏ္ဍာရီလာသားရဲတွေမဟုတ်ပေမယ့်​ ရှားပါးလှတဲ့မှော်သားရဲမျိုးနွယ်တွေဖြစ်သည်၊ဂိုရာတွေက အရွယ်အစားကိုလည်း ကျုံ့နိုင်ချဲ့နိုင်ပြီး အမြင်အာရုံစူးရှတာကြောင့် ဖမ်းရအခက်ဆုံးသားရဲတွေလည်းဖြစ်သည်၊
မက်စ်က အရင်ဘဝတုန်းက ဂိုရာတွေရဲ့တည်ရှိရာနေရာကိုသိခဲ့ပေမယ့် ဂိုရာမှော်သားရဲနဲ့စာချုပ်မချုပ်နိုင်ခဲ့ပေ၊ဒါပေမယ့် ဒီဘဝမှာတော့ သူ့ရဲ့မှတ်ဥာဏ်တွေနိုးထလာပြီး ဂိုရာမှော်သားရဲနှစ်ကောင်နဲ့စာချုပ်ချုပ်ဆိုနိုင်ခဲ့သည်၊