Chapter -19
7.9K 1.2K 27
Zawgyi
နိုးထပွဲရဲ့တည်နေရာဟာ တော်ဝင်နန်းတော်ပိုင်ဆိုင်သည့်'နေခုနှစ်စင်း'အဆောက်အဦးကြီးဖြစ်ပြီး ထိုနေရာဟာ နှစ်စဉ်နှစ်တိုင်း အင်ပါယာအတွင်းရှိကလေးတွေရဲ့နိုးထမှုကို စစ်ဆေးသည့်နေရာဖြစ်သည်၊
ဒီတစ်ခေါက်မှာတော့ အင်ပါယာမင်းရဲ့အမိန့်ပေးမှုကြောင့် နေခုနှစ်စင်းကတာဝန်ရှိသူတွေဟာ အလုပ်များနေတော့သည်၊တစ်ချို့ဟာ ဒီပွဲနဲ့ပတ်သတ်ပြီး သဘောမကျကျပေ၊ဘာကြောင့်လဲဆိုတော့ သူတို့ဟာနှစ်တိုင်း လာရောက်စစ်ဆေးသည့်လူတွေဆီက ငွေကြေးပိုတောင်းကျသလို တစ်ချို့ဟာ လေးစားမှုဖြင့်လက်ဆောင်များပေးကမ်းကျတာကြောင့်လည်းပါသည်၊အင်ပါယာမင်းရဲ့အမိန့်ကြောင့် များစွာသောနိုးထမဲ့သူတွေကို စစ်ဆေးမည့်အခါမှာတော့ သူတို့ဟာ အခကြေးမရရှိရုံသာမက ကြားထဲကပင်လည်းပင်ပန်းရဦးမည်၊ဒါပေမယ့် အင်ပါယာမင်းရဲ့ဒေါသကိုကြောက်တာကြောင့် ခေါင်းဖြတ်မခံရအောင် သူတို့ဟာ တတ်နိုင်သလောက်ကြိုးစားပြရလိမ့်မည်၊
နေခုနှစ်စင်းအဆောက်အဦးရဲ့ရှေ့ကို လှည်းတစ်စီးပြီးတစ်စီးရောက်လာပြီး တစ်ချို့ဟာလည်း လူကုံထံအသိုင်းအဝိုင်းကဖြစ်ကျပြီး တစ်ချို့ဟာ သာမန်ပြည်သူများသာဖြစ်သည်၊နိုးထပွဲဆိုတာ အင်ပါယာရဲ့ပါရမီရှင်တွေကို မွေးထုတ်ပေးသည့်အချိန်အခါဖြစ်တာကြောင့် တစ်ချို့တွေဟာလည်း မသက်ဆိုင်ပေမယ့် လာရောက်ကြည့်ရှုကျတော့သည်၊
"Oh my God!အဲ့တာ တော်ဝင်မိသားစုပိုင်မလား" ရွှေအိုရောင်တော်ဝင်တံဆိပ်ပါတဲ့မြင်းလှည်းလေးစီးဟာ အဆောက်အဦးရှေ့မှာ ရပ်တန့်သွားသည့်အခါမှာတော့ လူတွေဟာ စိတ်ဝင်တစားစောင့်ကြည့်နေကျတော့သည်၊တော်ဝင်မိသားစုမှာ အကုန်လုံးဟာနိုးထပြီးသားသူတွေဖြစ်ပေမယ့် ရိုစဲဆလပ်အိမ်တော်ကို မျက်နှာသာပေးသည့်အနေဖြင့် လာသည်ကို အားလုံးဟာသိကျသည်၊
အကုန်လုံးဟာ လှည်းတွေထဲကနေထွက်လာသည့်မင်းသားငါးယောက်နဲ့မင်းသမီးသုံးရောက်ကို ဂါဝရပြုကာအရိုအသေပေးလိုက်သည်၊တော်ဝင်မိသားစုဟာ တစ်ကယ်ကိုပင် ရိုစဲဆလပ်အိမ်တော်ကို မျက်နှာပေးပါလား၊