Chapter-111
2.7K 410 3
Zawgyi
ထိုနေ့မှာပဲ ချဲလ်ရဲ့ဂုဏ်သတင်းက လုံးဝကိုထိုးကျသွားတော့သည်၊ဖြစ်ရပ်အစအဆုံးကို မသိတဲ့သူတွေက မယုံနိုင်ဖြစ်နေချိန်မှာ ဆရာရိန်းပါဝင်နေသည်ကိုသတိထားမိလိုက်တော့ သူတို့မှာ မယုံလို့လည်းမရတော့ပေ၊ဒါကြောင့် ကျောင်းသားတွေက ချဲလ်ကို အတော်ကိုရှုတ်ချလာပြီး အပေါင်းအသင်းမလုပ်တော့ပေ၊
ချဲလ်ရဲ့ပြစ်မှုက သိပ်ပြီးမကြီးမားပေမယ့် ကိုယ့်အကျိုးအတွက် ကျောင်းသားတစ်ဦးကို ထိခိုက်ဒဏ်ရာရခဲ့သည့်အပေါ် ဆရာရိန်းက ချဲလ်ကို ပြင်းထန်တဲ့ပြစ်ဒဏ်ပေးခဲ့သည်၊
ချဲလ်ကို ကျောင်းတစ်နှစ်နားရန်ပြစ်ဒဏ်ပေးလိုက်ပြီး စစ်မြေပြင်မှာ အဆင့်မရှိတဲ့ကုသသူအဖြစ် အမှတ်ငါးတပ်ကို ပို့ဆောင်လိုက်သည်၊စစ်မြေပြင်မှာလည်း ကျောင်းတော်လိုပဲ အဆင့်တွေခွဲခြားထားပြီး ကျောင်းတော်ကလာတဲ့ကျောင်းသားတွေကတော့ ငွေအဆင့်ကနေစတင်ပြီး အခြားအရပ်ကလာတဲ့သူတွေကိုတော့ အဆင့်မသတ်မှတ်ရသေးပဲ သူတို့ရဲ့ကြိုးစားမှုပေါ်မူတည်ပြီး ရာထူးတိုးပေးကြသည်၊
နောက်ထပ်သတင်းကတော့ ကောလ်လင်းကို အလင်းကျောင်းတော်ကြီးက ခေါ်ဆောင်သွားတဲ့သတင်းပဲ ဖြစ်သည်၊အလင်းကျောင်းတော်က သူတို့တက်ရောက်နေတဲ့ကျောင်းတော်နဲ့အဆင့်အတန်းတူလှပေမယ့် အလင်းကျောင်းတော်က သိုသိုသိပ်သိပ်တည်ရှိပြီး ထူးချွန်တဲ့အလင်းစွမ်းအားရှင်တွေကိုသာ ပညာသင်ကြားပေးတဲ့ကျောင်းတော်ဖြစ်သည်၊ထိုကျောင်းတော်ရဲ့တည်ရှိမှုက အလင်းစွမ်းအားရှင်တွေရဲ့အိပ်မက်ပင်၊ဒါပေမယ့် ကောလ်လင်းက ငြင်းဆိုခဲ့သည်၊
အလင်းကျောင်းတော်ကို ဝင်ရောက်သွားသည့်အလင်းစွမ်းအားရှင်တိုင်းက ကိုယ်ပိုင်လွတ်လပ်ခွင့်မရှိကြပေ၊အဆိုးဆုံးကတော့ လက်တွဲဖော်ကို ကိုယ်ပိုင်ရွေးချယ်ခွင့်မရှိကြပေ၊ဒါကြောင့် ရန်ဟွမ်ကို ချစ်နေတဲ့ကောလ်လင်းအတွက် ငြင်းဆိုရန်ကလွဲ၍ ဘာမှမရှိပေ၊
ထိုလောက်နဲ့ပြီးသွားတယ်လို့မထင်လိုက်နဲ့၊တစ်ပတ်အကြာမှာ အလင်းကျောင်းတော်က ကျောင်းအုပ်ကိုယ်တိုင်ရောက်လာပြီးတော့ ကောလ်လင်းအတွက် စည်းကမ်းတွေပြင်ဆင်ပေးခဲ့သည်၊ကောလ်လင်းသာ အလင်းကျောင်းတော်ရဲ့တပည့်တစ်ဦးဖြစ်လာမယ်ဆိုရင် ကျောင်းအုပ်က သူ့ရဲ့တပည့်အဖြစ်လက်ခံပြီး သေချာပျိုးထောင်ပေးရုံသာမကဘူး ကောလ်လင်း ချစ်တဲ့သူနဲ့သာ လက်ထပ်ခွင့်ပေးမည်အကြောင်းကို အတိအလင်းပြောကြားတော့သည်၊နောက်ဆုံးမှာတော့ ရန်ဟွမ်ကိုယ်တိုင်က ကောလ်လင်းကိုလက်ခံလိုက်ဖို့ဖြောင်းဖြတော့မှ ကောလ်လင်းလည်း လက်ခံလိုက်ပြီး အလင်းကျောင်းတော်က ကျောင်းအုပ်နဲ့အတူ လိုက်ပါသွားတော့သည်၊