Chapter-116
2.6K 394 2
Zawgyi
ရှီရယ်က လှေကား ကိုးဆယ့်ရှစ်ထစ်ရောက်တဲ့အချိန်မှာတော့ ခြေလှမ်းများက ရပ်တန့်သွားတာကြောင့် စီရက်စ်ကလည်း ရှီရယ်ဘေးမှာ ရပ်တန့်လိုက်သည်၊
"မင်းဆက်သွားနိုင်သေးရင် သွားလေ" ရှီရယ်က သူ့ဘေးနားမှာ ရပ်တန့်သွားတဲ့စီရက်စ်ကို ကြောင်အစွာကြည့်ရင်း အသံတိုးတိုးနဲ့ပြောလိုက်သည်၊မှော်ဖိအားကြောင့် စကားတစ်ခွန်းပြောရန်ပင် ခက်ခဲလှပြီး ဒီလိုအခြေအနေမှာ စကားပြောနိုင်တဲ့ရှီရယ်က အတော်တော်သည်ဟုဆိုရမည်၊
"ဆက်မသွားနိုင်တော့ဘူး" စီရက်စ်ရဲ့ပြန်ဖြေစကားကို ရှီရယ်က သိပ်မယုံကြည်ပေ၊ဘာလို့လဲဆိုတော့ စီရက်စ်ကြည့်ရတာ သူ့စွမ်းအားဂိတ်ဆုံးကိုမရောက်ရှိသေးသလိုပင်၊ဒါပေမယ့် စီရက်စ်က မသွားချင်မှတော့ ရှီရယ်ကတိုက်တွန်းရန်စိတ်မပါပေ၊
အီရှကလည်း ရှီရယ်ရဲ့ဘေးကရပ်ပြီး လှေကားထစ်မှာထိုင်ချလိုက်ပြီး ချွေးတစ်ပေါက်ပေါက်စီးကျနေပြီး အသံတောင်မထွက်တဲ့အီရှဟာ မတ်တပ်ရပ်ပြီးစကားပြောနေတဲ့နှစ်​ယောက်ကို လက်မထောင်ပြလိုက်သည်၊အီရှဟာ ရှီရယ်တို့လောက် မသန်မာတာ မထူးဆန်းပေ၊ ဘာလို့လဲဆိုတော့ အီရှကသူတို့အဖွဲ့မှာ ကိုယ်ခံအားအနည်းဆုံးဖြစ်သည်၊
ဒန်နာရီနဲ့အန်းတိုလ်သည်လည်း မလွယ်ကူလှပေ၊သူတို့ကလည်း လှေကားထစ်ကိုးဆယ့်ကိုးထစ်မှာရပ်နေကြပြီး အန်းတိုလ်က ရှေ့ဆက်လှမ်းဖို့အားမရှိသလို မျက်လုံးမှိတ်ကာနေနေပြီးပြီ ဒန်နာရီကတော့ နောက်ဆုံးခြေလှမ်းကို လှမ်းရန် ခြေထောက်ကို မြှောက်လိုက်သည်၊
"တကယ်ကြီးလား! ဒန်နာရီက နောက်ဆုံးအထစ်ကို လှမ်းနေပြီဟ!"
"သူတို့အဖွဲ့က ကိုးဆယ့်ရှစ်ထစ်ထိကို လှမ်းပြီးကြပြီလေ...ဂျူနီယာအန်းတိုလ်နဲ့ဒန်နာရီဆိုရင် ကိုးဆယ့်ကိုးလှမ်းထိ လှမ်းပြီးပြီ...ဒါက ကျောင်းသားဂျော့ဖရေးရဲ့စံချိန်ကို မှီသွားပြီ"
"ဂျူနီယာဒန်နာရီက နောက်တစ်လှမ်းကို လှမ်းနေပြီ" လူတိုင်းက တောက်ပတဲ့မျက်ဝန်းတွေနဲ့ကြည့်နေကြသည်၊သူတို့က အသက်ကို ပြင်းပြင်းတောင် မရှူထုတ်ရဲကြပေ၊