Chapter -76
4K 651 24
Zawgyi
တစ်ပတ်ကြာပြီးနောက်မှာတော့ မက်စ်နဲ့အတူ ဒန်နာရီယာ အင်ပါယာရဲ့အဓိကမြို့တော်ကို ခရီးနှင်လာတော့သည်၊သူတို့က အစောထွက်ဖို့ ရည်ရွယ်ထားပေမယ့် မြို့စားမင်းရက်စ်ထရစ်က အလျင်မလိုရန်ပြောထားသဖြင့် မက်စ်လည်း ဒန်နာရီနဲ့အေးဆေးအချိန်ဖြုန်းပြီးမှ မြို့တော်ဆီထွက်လာခြင်းဖြစ်သည်၊
မက်စ်က အဆင့်မြှင့်မှော်ဆရာဖြစ်တာကြောင့် ကိုယ်ပိုင်နေရာကူး​ပြောင်းရေးမှော်အစွမ်းရှိပြီး လူဆယ်ယောက်ပမာဏာသာ သူနဲ့အတူခေါ်နိုင်သည်၊ဒါက အဆင့်မြှင့်မှော်ဆရာတွေကြားက အတော်ကိုအရည်အချင်းရှိလှတဲ့မှော်ဆရာတစ်ဦးပေ၊စိတ်မကောင်းစရာက ဇီလ်ရာလို အင်ပါယာငယ်လေးက
ပါရမီရှင်တွေ ဘယ်လိုပြုစုစောင့်ရှောက်ရမလဲ မသိကြတာအမှန်ပေ၊
ဒန်နာရီတို့မြို့တော်ကိုရောက်ဖို့ ငါးနာရီသာအချိန်ယူခဲ့ရပြီး မြို့တော်ကိုရောက်ချိန်မှာ အရင်ကထက် စည်ကားနေတဲ့လမ်းမကြီးကိုတွေ့လိုက်ရတော့သည်၊ဒန်နာရီဟာ ဘေးဘက်ကိုကြည့်လိုက်ပြီး လူတွေ ပျော်ရွှင်ရယ်မောစွာသွားလာလှုပ်ရှားနေတာကို စိုက်ကြည့်နေတော့သည်၊
"မှော်အဖွဲ့အစည်းကလူတွေ လာမှာဆိုတော့ လူတွေက ပျော်ရွှင်နေ​ကြတာပဲလေ" မက်စ်က ဒန်နာရီခေါင်းလေးကိုပုတ်ရင်းပြောလိုက်သည်၊ဒန်နာရီက ဘာမှပြန်မပြောပေမယ့် သက်ပြင်းခိုးချလိုက်သည်၊ဒီလိုအချိန်ကာလကိုတောင် ရောက်လာပြီပဲ၊သူရဲ့ပြန်လည်မွေးဖွားလာမှုက လမ်းကြောင်းတွေကိုပြောင်းလဲသွားပေမယ့် တစ်ချို့သောလမ်းကြောင်းတွေကတော့ ထပ်မံကြုံတွေ့ရမဲ့ပုံပဲ၊
"ကျွန်တော်တို့ ဘယ်သွားကြမှာလဲ" အရင်အိမ်တော်ကို ဒန်နာရီ ပြန်မသွားချင်သောကြောင့် မေးလိုက်ခြင်းဖြစ်သည်၊မက်စ်ကလည်း နားလည်ဟန်ဖြင့် ပြုံးလိုက်ပြီး ပြောလိုက်သည်၊
"ဒယ်ဒီရဲ့အိမ်တော်ကိုပေါ့"
ထို့နောက်မှာတော့ ဒန်နာရီတို့ရဲ့လှည်းဟာ ရိုစဲဆလပ်ရဲ့ဒုတိယအိမ်တော်ကြီးခြံဝန်းရှေ့ရောက်လာပြီး ခြံဝန်းထဲဝင်လာတော့သည်၊ဒန်နာရီတို့ခြံဝန်းထဲဝင်လာသည်နဲ့ အနောက်မှာလည်း လှည်းနှစ်စီး ရှေ့ဆင့်နောက်ဆင့်ဝင်လာသည်၊