Chapter-120
3.7K 524 18
Zawgyi
ဒီအတန်းက ဂျူနီယာကျောင်းသားတွေ တစ်ယောက်ပြီးတစ်ယောက် မှော်ခေါင်းလောင်းကို စမ်းသပ်ပြီးနောက်မှာတော့ ဒန်နာရီအလှည့်ကိုရောက်လာတော့သည်၊ဒန်နာရီက နောက်ဆုံးမှ ယှဉ်ပြိုင်ဖို့စိတ်ကူးမရှိပေမယ့် အလိုလိုနောက်ဆုံးဖြစ်သွားခဲ့ပြီး လူတိုင်းရဲ့အကြည့်က ဒန်နာရီပေါ်ရောက်လာတော့သည်၊
ရှေ့မှာ သူမတူအောင်ပြသခဲ့တဲ့ပါရမီတွေကြောင့် မှော်ခေါင်းလောင်းရဲ့စမ်းသပ်မှုမှာလည်း ဘယ်လိုရလဒ်မျိုးထွက်လာမလဲ၊လူတိုင်းက စိတ်ဝင်စားနေတော့သည်၊
ဒန်နာရီက မှော်ခေါင်းလောင်းရှိရာကို သွားရင်း ရပ်လိုက်ပြီး မှော်ခေါင်းလောင်းကိုကြည့်လိုက်သည်၊မှော်ခေါင်းလောင်းရဲ့ ပတ်လည်မှာ ရွှေရောင်တိုင်လေးတိုင်ရှိပြီး ကြီးမားတဲ့ရွှေတုတ်တိုင်ကြီးမှာ လက်ရာမြောက်စွာထုထွင်းထားတဲ့ရွှေရောင်ခေါင်းလောင်းကြီးက တည်ရှိနေပြီး ရွှေရောင်ကြိုးတစ်ကြိုးက အလယ်ကနေ သူတို့မှီတဲ့အမြင့်နားထိ အရှည်ရှိသည်၊
မှော်ခေါင်းလောင်းရဲ့ဝန်းကျင်မှာ တစ်ပေလောက်ရှိတဲ့သားရဲရုပ်ထုကြီးဆယ်ခုဝန်းရံနေပြီး ရုပ်ထုတစ်ခုစီတိုင်းက အသက်ဝင်လှသည်၊ဒါက ကျောင်းတော်ရဲ့အစောင့်အရှောက်သားရဲဆယ်ကောင်ကို ကိုယ်စားပြုထားခြင်းဖြစ်သည်၊
ဒန်နာရီက အရှိန်အဝါနဲ့လင်းလက်တောက်ပနေတဲ့မှော်ခေါင်းလောင်းအနီးကိုလျှောက်ရင်း ကြိုးကိုလှမ်းယူလိုက်ချိန်မှာ လက်ကနေတစ်ဆင့် ခန္ဓာကိုယ်ပေါ် ပြင်းထန်တဲ့အရှိန်အဝါကျဆင်းလာတော့သည်၊
ဒန်နာရီက ပြန်လည်ခုခံခြင်းမရှိပဲ မှော်စွမ်းအားတွေကိုလက်ခံလိုက်ပြီးနောက်မှာ စိတ်က ပေါ့ပါးသွားသလိုခံစားလိုက်ရသည်၊မှော်ခေါင်းလောင်းက စီးဆင်းလာတဲ့မှော်စွမ်းအားတွေကို ပြန်ခုခံရင်တော့ ဘာအကျိုးမှရှိမှာမဟုတ်ဘူး၊ဒန်နာရီက အခြားသူတွေအမြင်မှာတော့ အသက်ဆယ့်လေးနှစ်အရွယ်လူငယ်​လေးသာဖြစ်သော်လည်း အရင်ဘဝက ရှင်သန်ခြင်းနဲ့သေဆုံးခြင်းကြားကနေ အကြိမ်ကြိမ်အခါခါလွတ်မြောက်ရှင်သန်လာတဲ့သူဖြစ်သည်၊လူတစ်ယောက်အပေါ် အကြွင်းမဲ့ယုံကြည်ပြီး မျက်ကန်းတစ္တေဖြစ်ခဲ့လို့ အသက်ဆုံးရှုံးခဲ့ရခြင်းသာဖြစ်သ​ည်၊