Chapter - 85
3.7K 592 3
Zawgyi
ဒန်နာရီဟာ ကျောက်ဖျာကနေတစ်ဆင့် ကျောက်တိုင်တွေဆီကို အာရုံစိုက်လိုက်သည်၊ဒန်နာရီဟာ နည်းလမ်းသိနေလို့မဟုတ်ပေမယ့် ဂျော့ဖရေးပြောပြတဲ့အချက်တွေကနေ တစ်ဆင့်အနည်းငယ်နားလည်သဘောပေါက်နေခဲ့သည်၊
အစောင့်အရှောက်သားရဲတွေဟာ spirit တွေနဲ့ချိတ်ဆက်နေပြီး ဂျော့ဖရေးဟာ သူ့ရဲ့ကိုယ်ပိုင် spiritကြောင့် အစောင့်အရှောက်သားရဲရဲ့အသိအမှတ်ကိုရရှိခဲ့ခြင်းဖြစ်သည်၊ဒါကြောင့် ဒန်နာရီဟာ သူ့ရဲ့spiritတွေကို စစ်ဆေးကြည့်လိုက်ချိန်မှာ ရှု~ဟာ လင်းလက်တောက်ပလာပြီး ထွက်ပေါ်လာကာ အလယ်ကျောက်တိုင်ဘေးရှိ ကျောက်တိုင်ထိပ်ကိုသွားပြီး လှဲအိပ်တော့သည်၊ထိုချိန်မှာ ရှု~လှဲအိပ်နေတဲ့ကျောက်တိုင်ဟာ လင်းလက်တောက်ပလာပြီး အရှေ့ဘက်တောအုပ်ကြီးကနေလည်း ကျယ်လောင်တဲ့ကျားအော်သံထွက်ပေါ်လာတော့သည်၊
"ကျားအော်သံပဲ...ဒါက... "
"ဖြစ်နိုင်တယ်... ကျောင်းတော်ရဲ့အစောင့်အရှောက်တွေထဲက 'အလင်းကျားဖြူတော်'ပဲ"စီရက်စ်စကားကြောင့် ရှီရယ်လည်း အော်သံဘက်ကိုကြည့်နေတော့သည်၊
ထို့နောက်မှာ ဒန်နာရီရဲ့မျက်လုံးများဟာ ပြန်ပွင့်လာပြီး ဒန်နာရီနူတ်ခမ်းဟာ မဆိုစလောက်လေးပြုံးတက်သွားတော့သည်၊အလင်းစွမ်းအားရှိတဲ့မှော်သားရဲကို ဒန်နာရီအလိုအပ်ဆုံးပင်၊ဒါမှ အတိတ်က သူမကယ်တင်နိုင်ခဲ့တဲ့အပြစ်မဲ့လူသားတွေကို ကယ်တင်နိုင်လိမ့်မည်မလား၊
အရှေ့ဘက်ခြမ်းရှိသစ်ပင်များဟာလှုပ်ခတ်လာပြီး ရွှေရောင်မျက်လုံးတစ်စုံဟာ မီး​တောက်လိုတောက်လောင်နေပြီး တစ်ကိုယ်လုံးဖွေးစွတ်နေပေမယ့် အနက်ရောင်အစင်းကျားများနဲ့ကြောက်စရာအရှိန်အဝါပိုင်ဆိုင်ထားတဲ့ကျားဖြူကြီးဟာ ထွက်လာတော့သည်၊
ကျားဖြူကြီးရဲ့မျက်ဝန်းများဟာ ကျောက်ဖျာပေါ်ရှိဒန်နာရီဆီကိုရောက်ရှိသွားတော့သည်၊ထို့နောက်မှာ တဖြေးဖြေး အနားကိုတိုးကပ်လာပြီး ဒန်နာရီကိုစိုက်ကြည့်ပြီးနောက်မှာ ရှု~ဘက်ကို လှည့်ကြည့်လိုက်သည်၊ရှု~ဟာ သန်းဝေနေရင်း ကျားဖြူဆီပျံသန်းလာရင်း ကျားဖြူရဲ့ခေါင်းပေါ်မှာ ရပ်လိုက်ပြီးလှဲချကာ ခွေခွေလေးပြန်အိပ်သွားတော့သည်၊