Chapter -72
5K 747 26
Zawgyi
"အိမ်ရှေ့စံမင်းသားထရစ်ချူ နဲလ် ထရစ်တာရာနဲ့သခင်လေးဒန်နာရီ ကြွချီလာပြီ" အစောင့်ရှောက်တစ်ဦးရဲ့ကျယ်လောင်တဲ့အသံနဲ့အတူ ခန်းမတံခါးကြီးဟာလည်း ပွင့်သွားတော့သည်၊လူတိုင်းရဲ့အာရုံဟာ တံခါးဆီကို ရောက်ရှိသွားတော့သည်၊ အိမ်ရှေ့စံမင်းသားဟာ သူတို့အင်ပါယာရဲ့ပါရမီရှင်တစ်ဦးဖြစ်တာကြောင့် လူတိုင်းဟာလည်း အိမ်ရှေ့စံမင်းသားထရစ်ချူရဲ့တွဲဖက်ကို သိချင်သွားတော့သည်၊
လူတိုင်းဟာ အိမ်ရှေ့စံမင်းသားနဲ့အတူ ခန်းမပါတီထဲဝင်လာတဲ့သူကို ဝိုင်းကြည့်နေကြတော့သည်၊အိမ်ရှေ့စံမင်းသားရဲ့တွဲဖက်ဟာ ငယ်ရွယ်သေးပြီး ကြည့်ကောင်းသည်ကိုမြင်ချိန်မှာ တစ်ချို့လူတွေရဲ့မျက်ဝန်းထဲမှာ မနာလိုမှုများဖြတ်သန်းသွားတော့သည်၊
ဒန်နာရီရဲ့ရုပ်ရည်ဟာ ထူးခြားလှပြီး မြင်တဲ့သူတိုင်း ငေးမကြည့်ဘဲ မနေနိုင်တဲ့အလှမျိုးပိုင်ဆိုင်ထားသည်၊ရှင်းရှင်းပြောရရင် တမူထူးခြားတဲ့အလှလေးဖြစ်သည်၊
"လှတော့ကော ဘာဖြစ်လဲ သူ့မှာမျိုးရိုးနာမည်မှ မရှိတာ သာမန်လူတန်းစားကလူပဲနေမယ်" အိမ်ရှေ့မင်းသားကို သဘောကျနေတဲ့သူတစ်ယောက်ဟာ မကျေနပ်စွာပြောလိုက်သည်၊အစောက်အရှောက်နာမည်အော်လိုက်ချိန်မှာ နာမည်တစ်ခုတည်းသာအော်ခဲ့ပြီး မျိုးရိုးနာမည်မအော်ခဲ့တာကြောင့်​ သူတို့တွေဟာ အထင်သေးနေတော့သည်၊
"အိမ်ရှေ့စံမင်းသား ရောက်လာပြီပဲ" ချစ်စရာကောင်းတဲ့မျက်နှာပေါက်နဲ့လူငယ်လေးဟာ ထရစ်ချူကို ဂါဝရပြုရင်း နူတ်ဆက်လိုက်သည်၊သူဟာ ထရစ်ချူရဲ့တွဲဖက်အဖြစ်ပါလာတဲ့ဒန်နာရီကို တစ်ချက်တောင် မကြည့်ပေ၊ဒါပေမယ့် ဒန်နာရီကလည်း စိတ်ထဲမထားပေ၊သူနဲ့ထရစ်ချူဟာ အပေးအယူသဘောမျိုးဖြင့် အလုပ်တူတူလုပ်နေတဲ့သူတွေသာဖြစ်သည်၊
"အိမ်ရှေ့စံမင်းသားက စစ်ဆေးမှုမှာ ယှဉ်ပြိုင်မှာမလား...ကျွန်တော်တော့ သိပ်ကိုစိတ်လှုပ်ရှားနေပြီ" လူငယ်ရဲ့မျက်နှာဟာ ရှက်သွေးဖြာနေပြီး သူဟာ စိတ်လှုပ်ရှားနေတဲ့အမူအရာနဲ့ပြောနေတော့သည်၊အိမ်ရှေ့စံမင်းသားဟာ ခေါင်းတစ်ချက်သာညိတ်လိုက်ပြီး ဒန်နာရီဘက်ကို ကြည့်လိုက်သည်၊