Chapter-123
2.2K 369 1
Zawgyi
"ဆရာဘိုးဘေးက ဒီလက်ကောက်နဲ့ပတ်သတ်ပြီး သိတယ်ပေါ့"
ဒန်နာရီကလည်း ခံစားချက်မြင့်တက်သွားတဲ့အဘိုးအိုရာ့လ်ကို ကြည့်ရင်းမေးလိုက်သည်၊အဘိုးအိုက လက်ကောက်ကို ယုယုယယပွတ်သပ်ပြီးနောက်မှာ ဒန်နာရီကိုပြန်ပြီးပေးလိုက်သည်၊
"ဒန်မျိုးနွယ်ဆိုတာက နတ်သွေးနှောပါတဲ့မျိုးနွယ်စုပဲ...၊ သခင်မလေးဒန်ယျူးက နတ်သွေးနှောနဲ့နတ်သူငယ်မိဘတွေဆီက ဆင်းသက်လာတဲ့သွေးရောတစ်ယောက်ပဲ၊ ဒါကြောင့် ဒန်မျိုးနွယ်တွေက သခင်မလေးဒန်ယျူးကို အလွန်တန်ဖိုးထားတယ်၊ ဘာလို့လဲဆိုတော့ ဒန်မျိုးနွယ်အများစုကိုယ်ထဲမှာ စီးဆင်းနေတဲ့သွေးတွေက နတ်သွေးပါဝင်မှုနှုန်းနည်းပြီးတော့ သခင်မလေးဒန်ယျူးကသာ ​နတ်သွေးပါဝင်မှုငါးဆယ်ရာခိုင်နှုန်းပါဝင်ခဲ့တာကိုး..."
"ဒါပေမယ့် လွန်ခဲ့တဲ့နှစ်နှစ်ဆယ်တည်းက သခင်မလေးက အိမ်တော်ကထွက်ပြေးသွားခဲ့ပြီး သတင်းအစအနကိုပျောက်သွားခဲ့တယ်...ဒါကြောင့် ငါတို့က ကုန်းတိုက်ကြီးတွေရဲ့အင်အားကြီးတဲ့နယ်ပယ်တွေမှာ ခြေကုတ်ပြီး သခင်မလေးကို အင်တိုက်အားတိုက်ရှာဖွေနေခဲ့တာပဲ..." အဘိုးအိုရာ့လ်က သက်ပြင်းချစွာပြောရင်း ဒန်နာရီရဲ့လက်ကိုဆုပ်ကိုင်လိုက်ပြီး မျှော်လင့်ချက်တွေပြည့်နေတဲ့မျက်ဝန်းများဖြင့်ကြည့်ရင်းမေးလိုက်သည်၊
"ဒီလက်ကောက်ကို ဘယ်ကနေ ရခဲ့တာလဲ...ကျောင်းသားဒန်နာရီ"
"ဒီလက်ကောက်က... ကျွန်တော်မိခင်ရဲ့ပစ္စည်းပဲ" ဒန်နာရီက လက်ကောက်ကိုစိုက်ကြည့်ရင်း မှင်သက်စွာပြောနေမိသည်၊သူတို့မိခင်နဲ့ပတ်သတ်သမျှကို သူကော၊သူအဖေကောရှာဖွေနေခဲ့ပြီး ကျောင်းတော်ရောက်ချိန်မှာ သူ့မိခင်အကြောင်းကို သိရှိတဲ့သူတစ်ယောက်နဲ့တွေ့လိုက်ရပြန်သည်၊
"မင်းက...မင်းက သခင်မလေးဒန်ယျူးရဲ့သား" အဘိုးအိုရာ့လ်က ခန့်မှန်းမိပြီးသားပေမယ့် ဒန်နာရီပါးစပ်ကနေပြောထွက်လာချိန်မှာ အံ့အာမိတုန်းပင်၊ထို့နောက်မှာ အနည်းငယ်တိတ်ဆိတ်သွားပြီး နှစ်ယောက်လုံးမှာ ဘယ်ကစပြောရမလဲ မသိတော့ပေ၊