Chapter-62.1
4.2K 675 3
Zawgyi
ဒန်နာရီတို့အဖွဲ့ဟာ နတ်သူငယ်မျက်ရည်အိုင်နယ်​မြေအတွင်းကို ဝင်ရောက်လာတော့သည်၊နတ်သူငယ်မျက်ရည်အိုင်နယ်မြေဟာ မည်သည့်အန္တရာလ်မှမရှိတာကြောင့် သူတို့ဟာ အေးဆေးသာဝင်ရောက်လာတော့သည်၊
ထိုနောက်မှာတော့ နတ်သူငယ်မျက်ရည်အိုင်ကန်ကို ရောက်ရှိလာတော့သည်၊နတ်သူငယ်မျက်ရည်အိုင်ဟာ သိပ်ကို ထူးထူးခြားခြားမရှိဘဲ အပြာရောင်ရေကန်ကြီးရဲ့အလယ်မှာ ကြီးမားတဲ့နတ်သူငယ်ရုပ်ထုကြီးတည်ရှိနေတော့သည်၊သူတို့်ဟာ နတ်သူငယ်တောအုပ်အနီးရောက်လာချိန်မှာ သိပ်သည်းလှတဲ့မှော်စွမ်းအင်ကိုခံစားနေရပြီး စိတ်ခံစားရသက်သောင့်သက်သာရှိလှသည်၊
"ဒါ နတ်သူငယ်မျက်ရည်ရေအိုင်ပေါ့" ဟျူယာဟာပြောလိုက်ပြီး ပြုံးလိုက်သည်၊ဟျူယာဟာ တိုရာလ်ဘက်ကို လှည့်လိုက်ပြီး တောအုပ်ကိုဖွင့်ခိုင်းလိုက်သည်၊တိုရာလ်ဟာ အနည်းငယ်စဉ်းစားနေဟန်ရှိပြီး တောင်းဆိုချက်တစ်ခုတောင်းလာတော့သည်၊
"ဒီကိစ္စတွေပြီးသွားရင် ရီလာနိုရဲ့သော့ကို ကျွန်တော့်ကိုပေးရမယ် သခင်ဟျူယာက ဒီက္စိ္စကို တာဝန်ခံယူရမယ်"
တိုရာလ်စကားကြောင့် ဟျူယာဟာ ပြုံးပြလိုက်သည်၊တိုရာလ်ကလည်း ပြန်ပြုံးလိုက်ပြီးနောက်မှာတော့ သူဟာ သော့နှစ်ချောင်းကိုထုတ်လိုက်ပြီးပေါင်းလိုက်သည်၊သော့နှစ်ချောင်း အတူပူးသွားချိန်မှာ အလင်းတောက်ပလာကာ ကြီးမားတဲ့မှော်စက်ဝိုင်းကြီးပေါ်ထွက်လာပြီး ရေကန်ကြီးပေါ်ဖုံးအုပ်သွားကာ ရေဟာနှစ်ခြမ်းကွဲထွက်သွားပြီး လမ်းကြောင်းတစ်ကြောင်းပေါ်ထွက်လာတော့သည်၊
တိုရာလ် အေးဆေးဝင်သွားတာတွေ့မှာ ဟျူယာတို့်အဖွဲ့ဟာလည်း အနောက်ကနေ ဝင်ရောက်လာပြီး ရေတံတိုင်းကြီးတွေကိုကြည့်လိုက်သည်၊ဒန်နာရီဟာလည်း စိုက်ကြည့်နေခဲ့ပြီးနောက်မှာ အမူအရာပျက်နေတဲ့ရေးလ်ကို သတိထားမိသွားတော့သည်၊
ရေးလ်ရဲ့အမူအရာဟာ တစ်စုံတစ်ရာကို မုန်းတီးနာကြည်းနေပုံရသည်၊ဒါကြောင့် ဒန်နာရီဟာ ရေးလ်အနားသွားပြီး ရေးလ်ရဲ့လက်မောင်းကို ပုတ်လိုက်သည်၊ရေးလ်ဟာ ပြန်လည်သတိဝင်လာပြီး သက်ပြင်းချလိုက်တော့သည်၊