Chapter-131
2K 277 4
Zawgyi
လူငယ်လေးဟာ အညိုရောင်ဝတ်ရုံကခေါင်းဆောင်းကို အနောက်ကိုလှန်လိုက်ပြီး သူ့ရင်ဘက်နားလောက်ရှိတဲ့ဒန်နာရီကို ငုံ့ကြည့်လိုက်သည်၊
"သခင်လေး... "
လူငယ်ရဲ့အသက်က အနည်းငယ်အောနေပြီးနားထောင်လို့ကောင်းလှပြီး အသံထဲမှာ ဆောင်းလေညှင်းလေးလို အေးချမ်းပြီးနားထောင်လို့ကောင်းလှသည်၊
"အိမ်ရှေ့စံမင်းသားထရစ်ချူ... " ဒန်နာရီက ထရစ်ချူကို ပထမကမမှတ်မိပေမယ့် အနီရောင်ဆံပင်ရှည်များပိုင်ဆိုင်ထားတဲ့ခန့်ညားချောမောတဲ့လူငယ်ဟာ တစ်ချိန်ကသိခဲ့ဖူးတဲ့ထရစ်ချူကို သတိရသွားစေတာကြောင့် ဒန်နာရီက မသေချာမရေရာတဲ့အသံနဲ့ခေါ်လိုက်သည်၊ဘာလို့လဲဆိုရင် မတွေ့ရတဲ့အတောအတွင်းမှာ ထရစ်ချူက အတော်ကိုပြောင်းလဲသွားခဲ့သည်၊ရင့်ကျက်လာပြီး အရပ်ပါပိုရှည်လာကာ အရှိန်အဝါလည်းပြောင်းလဲသွားသလိုခံစားလိုက်ရသည်၊
"ကိုယ့်ကို မှတ်မိမယ်မထင်ခဲ့ဘူး" ထရစ်ချူကပြုံးလိုက်ပေမယ့် သူ့အနက်ရောင်မျက်ဝန်းများပိုင်ထားတဲ့မျက်လုံးတစ်စုံကတော့ ဒန်နာရီရဲ့ဘယ်လက်ပေါ်မှာ ယစ်ဝဲနေတော့သည်၊ စေ့စပ်လက်စွပ်ကြောင့် ထရစ်ချူရဲ့အပြုံးများက အနည်းငယ်တော့ဖျော့သွားသည်၊
"သခင်လေးက စေ့စပ်ပြီးသွားပြီပေါ့"
"ဟုတ်တယ်" ဒန်နာရီရဲ့နားလေးများက အနည်းငယ်ရဲတက်သွားပြီး နူတ်ခမ်းလေးကပြုံးသွားကာ ပြန်ဖြေလိုက်သည်၊ထိုအပြုံးများကြောင့် ထရစ်ချူရင်ထဲ ဆုံးရှူံးမှုကိုခံစားလိုက်ရသည်၊ဒါပေမယ့် ဒန်နာရီက သူ့ကို ဘယ်တုန်းကမှ စိတ်မဝင်စားခဲ့ပေ၊တစ်ခါတလေ ဒန်နာရီနဲ့စေ့စပ်ထားတဲ့သူကို မနာလိုဖြစ်မိတာအမှန်ပေ၊
"ဂုဏ်ယူပါတယ်ဗျာ"
"ကျေးဇူးတင်ပါတယ် အိမ်ရှေ့စံမင်းသား" ဒန်နာရီကလည်း ခေါင်းညိတ်ကာပြန်​ဖြေလိုက်ပေမယ့် သူတို့ကြားရှိလေထုက တစ်မျိုးကြီးဖြစ်နေတာကြောင့် ဒန်နာရီက တိတ်ဆိတ်သွားတော့သည်၊
"သခင်လေးက သားရဲစီးနင်းပြိုင်ပွဲကြောင့်​ ရောက်လာတာလား"