Chapter-117
2.3K 391 1
Zawgyi
ပထမနှစ်ရဲ့အေတန်းနှစ်ကျောင်းသားတွေရဲ့ ရလဒ်အခြေအနေကြောင့် ကျန်တဲ့အတန်းတွေရဲ့ကျောင်းသားအမူအရာတွေက သိပ်မကောင်းပေ၊ဘာကြောင့်လဲဆိုတော့ ထိုစမ်းသပ်ချက်ကြောင့် ဆေးကုသတဲ့သူတွေကိုပါ ခေါ်ဆောင်ထားရပြီး တစ်ဦးပြီးတစ်ဦးကို ခေါ်ထုတ်သွားတာကိုမြင်လေလေ ကျောင်းသားတွေရဲ့မျက်နှာက  ဖြူဖျော့နေကြသည်၊
"နတ်ဆိုးစွမ်းအားကို မခံနိုင်ရည်တော့ ဒီလိုပါပဲ... မကြောက်ကြနဲ့ မင်းတို့အသက်ကို ထိခိုက်စေမှာမဟုတ်ဘူး" ကြီးကြပ်ရေးမှူးက ကြောက်လန့်နေတဲ့ကျောင်းသားတွေကို နှစ်သိမ့်ပေးလိုက်သည်၊ထို့နောက်မှာတော့ ဘီတန်းကျောင်းသားတွေက တစ်ဖွဲ့ပြီးတစ်ဖွဲ့ဝင်သွားတော့သည်၊အေတန်းကျောင်းသားတွေလို အတွေ့အကြုံမရှိတဲ့ဘီတန်းကျောင်းသားအခြေအနေတွေက သိပ်တော့မကောင်းလှပေ၊သူတို့က အတတ်နိုင်ဆုံးအားတင်းထားပေမယ့် သုံး၊လေးမိနစ်တောင်မခံနိုင် ပြန်ထွက်လာရသည်၊
ဒါပေမယ့် ငါးတွေကြားမှာ နဂါးရှိသလိုပဲ၊ ရဲရင့်ပြီး နတ်ဆိုးစွမ်းအားကို ခုခံနိုင်တဲ့ကျောင်းသားတွေလည်းရှိသည်၊အယောက်တစ်ရာတိုင်းမှာ အယောက်သုံးဆယ်ကျော်က နတ်ဆိုးစွမ်းအားကို ဆယ်မိနစ်ကျော်ခုခံနိုင်ကြသည်၊ဘီတန်းကျောင်းသားတွေမှာလည်း အယောက်တစ်ထောင်မှာ အယောက်သုံးရာကိုကျော်ဖြတ်နိုင်သွားကြသည်၊
ထိုလိုနဲ့ စီတန်းနဲ့ဒီတန်းကျောင်းသားတွေကို အဖွဲ့ဆယ့်တစ်ဖွဲ့ခွဲလိုက်ပြီး တစ်ဖွဲ့ပြီး တစ်ဖွဲ့စဝင်ခိုင်းတော့သည်၊စီတန်းကျောင်းသားတွေရဲ့ရလဒ်က ရှေ့ကကျောင်းသားတွေရဲ့ရလဒ်နဲ့ကွာခြားလှသည်၊ဘာလို့လဲဆိုတော့ ကျောင်းသားအများစုက နတ်ဆိုးဝင်္ကပါထဲမှာပိတ်လှောင်နေကြပြီး ကြောက်စိတ်များပြင်းထန်တာကြောင့် အလွယ်တကူဝင်္ကပါထဲကနေ မောင်းထုတ်ခံလိုက်ရသည်၊
ဒီလိုနဲ့ စီတန်းကျောင်းသားအယောက်တစ်ထောင်မှာ အောင်မြင်သူက 20%သာရှိပြီး ကျန်တဲ့ကျောင်းသားတွေကတော့ ကျဆုံးသွားကြသည်၊နောက်ဆုံးအဖွဲ့ကတော့ ဒီတန်းကျောင်းသားတွေ အလှည့်ကိုရောက်လာတော့သည်၊စီနီယာကျောင်းသားတွေကလည်း တက်ကြွစွာကြည့်နေပြီး စီတန်းကျောင်းသားတွေနဲ့ ဒီတန်းကျောင်းသားတွေမတူရတဲ့အကြောင်းအရင်းက ဒီတန်းကျောင်းသားတွေမှာ ရွေးချယ်ခံမင်းသား​လေးငါးယောက်အပြင် ဆရာလျူးဝစ်ဆီက ရွေးချယ်ခံထားရတဲ့အန်ဒီးယားဆိုတဲ့ကျောင်းသားလည်း ရှိနေသေးသည်မလား၊