Chapter-15
7.4K 1.1K 13
သုံးပိုင်း အရင်အပ်ပေးထားသည်၊
Zawgyi
'ဇီနို'
ဒန်နာရီဟာ ဇီနိုကိုခေါ်လိုက်ချိန်မှာ ဒန်နာရီအင်္ကျီအိတ်ကပ်ထဲက ရင်ထိုးဟာ တစ်ချက်အရောင်လက်သွားပြီးနောက်မှာ
*မင်းရဲ့စိတ်ကို ငါစတင်ထိန်းချုပ်လိုက်ပြီ...နာကျင်မှုကို အောင့်ခံထားလိုက်... တစ်ကယ်လို့ အရမ်းနာကျင်တယ်ဆိုရင် ငိုပစ်လိုက်* ဇီနိုဟာ ချော့မော့ကာ နှစ်သိမ့်နေသည်မဟုတ်ပေမယ့် ဇီနိုရဲ့စကားဟာ ဒန်နာရီကို အားဖြင့်စေတာအမှန်ပေ၊
လွန်ခဲ့တဲ့တစ်လဝန်းကျင်တုန်းက ဇီနိုဟာ သူ့မိခင်ရဲ့မြာပြာရောင်ကျောက်နဲ့ပြုလုပ်ထားသည့်ရင်ထိုးထဲနေချင်ကြောင်း ပြောလာတာကြောင့် သူလက်ခံခဲ့လိုက်သည်၊ဇီနိုစကားအရဆိုရင် မြပြာရောင်ကျောက်ဟာ ဇီနိုကို ပိုသက်သောင့်သက်သာဖြစ်အောင်လုပ်ပေးပြီး  ဇီနိုတည်ရှိမှုကိုပါ ဖုံးကွယ်နိုင်ကြောင်း ပြောလာတော့သည်၊
ဒန်နာရီကြောက်လန့်နေတာကြောင့် ဟိုးတွေး၊ဒီတွေးတွေးနေတုန်းမှာ မီးစနဲ့ထိုးခံလိုက်ရသလို နာကျင်မှုကို စတင်ခံစားလာရတော့သည်၊သူရဲ့ကိုယ်ထဲကနေ စွမ်းအားမျှင်တွေ ဆွဲထုတ်နေရပြီး ဆွဲထုတ်သည့်ချိန်မှာ ပြောပြမတတ်အောင် နာကျင်ခံစားနေရတော့သည်၊နာကျင်မှုဟာ အသားလွှာကို အစိမ်းလတ်လတ်ဓားနဲ့လှီးနေသလိုပင်၊
ဒန်နာရီမျက်ရည်များဝဲသွားရုံသာမက ပါးပြင်တစ်လျှောက်မျက်ရည်များစီးကျလာပေမယ့် သူဟာ အော်ဟစ်ငိုယိုလာခြင်းတော့မရှိပေ၊ဇီနိုရဲ့ထိန်းချုပ်အောက်တွင်လည်း သူဟာ လိုလိုလားလားကိုပေးအပ်ချင်သည့်စိတ်သာ ဖြစ်ပေါ်နေခဲ့သည်၊နောက်ပိုင်း သူသတိမေ့သွားကာ ဘာမှမသိတော့ပေ၊
ကလီနာဟာ ပြုံးကာကြည့်နေခဲ့ပြီး အားလုံးပြီးဆုံးသွားပြီးနောက်မှာတော့ ဒန်နာရီကို ကလီနာဟာ တစ်ဖက်ကြမ်းပြင်​ပေါ် ကန်ချလိုက်တော့သည်၊သူမရဲ့မျက်ဝန်းများဟာ ကျောင်သလင်းပုလင်းထဲရှိ လင်းလက်တောက်ကနေသည့်စွမ်းအားမျှင်များကို လောဘတက်စွာကြည့်နေခဲ့သည်၊မှော်ဆရာတွေရဲ့အသက်ဟာ စွမ်းအားမျှင်များရှိပြီး ဒန်နာရီတွင် ထိုလောက်များပြားသည့်စွမ်းအားမျှင်များ ရှိလိမ့်မည်မထင်ခဲ့ပေ၊ကိစ္စမရှိပါဘူး ဒန်နာရီက အခုကစပြီး အသုံးမကျတဲ့ရူးနှမ်းနှမ်းကလေးတစ်ယောက်ဖြစ်သွားပြီး သူ့သားကတော့ အင်ပါယာရဲ့ပါရမီရှင်တစ်ယောက်ဖြစ်လာလိမ့်မည်၊