Zawgyi
ပထမနှစ်ရဲ့ပြိုင်ပွဲစတင်ချိန်မှာတော့ ပြိုင်ပွဲဝင်တိုင်းက စိတ်လှုပ်ရှားနေတော့သည်၊အချင်းချင်းတိုက်ပွဲမလာခင်မှာ လူရွေးစီစစ်သေးပြီး ထိုလူရွေးစီစစ်တဲ့အဆင့်မှာ သုံးဆင့်ရှိသည်၊ဒီလိုရွေးချယ်ရသည့်အကြောင်းအရေးက အရည်အချင်းမပြည့်မိတဲ့ကျောင်းသားတွေ ပါဝင်လာပြီး ပြိုင်ပွဲကိုကြန့်ကြာမည်ကတစ်ကြောင်း ထိခိုက်ဒဏ်ရာရမည်ကတစ်ကြောင်းဖြစ်တာကြောင့်စီစဉ်ရခြင်းဖြစ်သည်၊
အရင်ဆုံး ကျောင်းသားအယောက်သုံးထောင်ကို ပထမဆုံးစမ်းသပ်ချက်ဖြစ်တဲ့လှေကားတစ်ရာကိုတက်ခိုင်းရန် စီစဉ်လိုက်သည်၊ကျောင်းသားအများစုက မှော်လှေကားထစ်များအကြောင်းကိုသိကြပြီး စိတ်လှုပ်ရှားနေကြတော့သည်၊ တစ်ချို့ကတော့ ယုံကြည်ချက် သိပ်မရှိတာကြောင့် အနည်းငယ်ထိတ်လန့်နေသည်၊
ပထမဆုံး ပထမနှစ်ရဲ့အေ(A)တန်းကျောင်းသားတစ်ထောင်ကို စီစစ်လိုက်သည်၊
"လှေကားထစ် အထစ်ငါးဆယ်ရရင် အောင်မြင်တယ်... လှေကားထစ် အထစ်ရှစ်ဆယ်အထက်ဆိုရင် ထိပ်တန်းအဆင့်ငါးဆယ်ပြိုင်ပွဲကို တန်းဝင်ခွင့်ရှိတယ်"
ပြိုင်ပွဲဝင်သုံးထောင်ကို ကျောပြီးတော့ အဆင့်ငါးဆယ်ပြိုင်ပွဲကို တန်းပြိုင်ရမည်ဆိုတာကောင်းတဲ့အခွင့်အရေးပင်၊ဒါကြောင့် ကျောင်းသားတိုင်းက တက်ကြွနေတော့သည်၊လာရောက်အားပေးတဲ့စီနီယာကျောင်းသားတွေကလည်း
"မှော်လှေကားထစ်မှာ 99ထစ်က အမြင့်ဆုံးစံချိန်တင်ထားတာပဲ၊ အရင်ရှစ်နှစ်က ထိုကျောင်းသားရဲ့98ထစ်စံချိန်ကို ကျောင်းသားဂျော့ဖရေးက စံချိန်ချိုးခဲ့တာမလား၊နောက်ပိုင်းနှစ်တွေမှာတော့ 90ထစ်ရောက်တဲ့သူတောင် ရှားလာတယ်၊"
"ဒီပထမနှစ်ရဲ့ဒီ(D)တန်းမှာ ပါရမီရှင်တွေပေါလာတာ မမေ့နဲ့လေ၊ ပြီးတော့ အေ(A)တန်းရဲ့ကျောင်းသားတွေထဲမှာလည်း အရင်နှစ်က 78ထစ်ထိရောက်ဖူးတဲ့ကျောင်းသားတွေရှိတာပဲလေ"
"မပြောနိုင်သေးဘူးလေ... ဘယ်သူက စံချိန်ကိုချိုးဖျက်နိုင်မလဲ ကြည့်ရတာပေါ့"
YOU ARE READING
FantasyStarted date: 10.8.2021 End date: 1.3.2023 Own Creation Season-1 (The End) သူ့ချစ်သူက သူ့အပေါ် သစ္စာဖောက်ခဲ့တယ်... သူ့သက်တော်စောင့်ကလည်း သူ့အပေါ် နောက်ကျောဓားထိုးခံတယ်... သူရဲ့မိသားစုကလည်း သူအပေါ် မိသားစုတစ်ယောက်လို မဆက်ဆံခဲ့ဘူး... သူရဲ့ပညာတွေ .သူရ...