Chapter-45
5.8K 941 3
Zawgyi
မှော်ကျောင်းတော်ကနေ ဆိုရက်စ်ဟာ အစီအစဉ်တွေချမှတ်ပြီးနောက်မှာ သူ့မွေးရပ်အင်ပါယာကို ပြန်ရောက်လာတော့သည်၊နှစ်နှစ်ကျော်ကြာသွားခဲ့ပြီ၊
ဖိုရားနယ်​မြေကနေတစ်ဆင့် ယဲလ်နယ်ပယ်ကို သွားရောက်ကာ မှော်ကျောင်းတော်ဆီကိုပြန်သွားခဲ့ပြီး ပညာဆက်လက်ပူဆည်းခဲ့သည်၊ဆိုရက်စ်ဟာ သူရဲ့စွမ်းအင်တွေ မလုံလောက်ဘူးလို့ ခံစားရတာကြောင့် မွေးရပ်မြေကိုပင် မပြန်တော့ဘဲ မှော်ကျောင်းတော်တွေသာ နေထိုင်ပြီး သူရဲ့မှော်ပညာနဲ့ပတ်သတ်ပြီး လေ့လာသင်ယူခဲ့သည်၊
ယခုအခေါက်မှာတော့ သူရဲ့မိခင်ကြောင့်သာ မဟုတ်ရင် ပြန်လာဖို့ စိတ်ကူးရှိသေးမည်မဟုတ်ပေ၊သူ့ညီဒေ့ကိုးနက်စ်ဟာလည်း အလင်းမာန်တောအုပ်ကြီးထဲကို ဝင်ရောက်သွားသည်ဟာ တစ်နှစ်ကြာခဲ့ပြီး ဘာသတင်းမှ မကြားခဲ့ပေ၊
ဆိုရက်စ်ဟာ ကူပြောင်းရေးမှော်ဂိတ်ကနေ တစ်ဆင့် ယဲလ်နယ်မြေကိုရောက်လာတော့သည်၊ကူးပြောင်းရေးမှော်စက်ကွင်းတွေဟာ အလယ်အလတ်အဆင့်တွေသာဖြစ်တာကြောင့် မိုင်တစ်သိန်းလောက်ပဲ သွားနိုင်သည်၊ဒါပေမယ့် ဆိုရက်စ်ဟာ ယဲလ်နယ်မြေကြီးကနေ မွေးရပ်အင်ပါယာရဲ့နယ်စပ်နယ်မြေဖြစ်တဲ့ဖိုရားနယ်မြေဂိတ်ကို ရောက်လာတော့သည်၊ထိုကနေတစ်ဆင့် မြို့တော်ကို တစ်လအတွင်း ရောက်ရှိလာတော့သည်။
ဆိုရက်စ်ရောက်လာတဲ့ချိန်မှာ ကလီနာဟာ အားသာချက်များစွာရှိနေခဲ့ပြီး ဆိုရက်စ်တို့မိခင်ကို အကျဉ်းထောင်ထဲမှာ ထည့်ထားခဲ့ပြီးပြီဖြစ်တဲ့အပြင် သက်သေများစွာလည်း ကောက်ကျစ်စွာဖန်တီးထားပြီးပြီဖြစ်သည်။
ဆိုရက်စ်ဟာ နောက်ကျသွားတာ သိပေမယ့် စိတ်မပူပေ၊အင်ပါယာမင်းဟာ သူရဲ့မိခင်ကို ဘာမှမလုပ်နိုင်ပေ၊ဘာကြောင့်လဲဆိုတော့ ဆိုရက်စ်ဟာ မှော်ကျောင်းတော်ကြီးရဲ့ထိပ်တန်းကျောင်းသားတစ်ယောက်ဖြစ်ပြီး ထိုကျောင်းသားနဲ့ပတ်သတ်တဲ့သူတွေကို ကာကွယ်ပေးနိုင်ခွင့်ဟာ ကျောင်းတော်ရဲ့လက်ထဲမှာ ရှိနေခြင်းဖြစ်သည်၊
ဒါပေမယ့် ကျောင်းတော် အနေနဲ့လည်း လွယ်ကူနေသည်တော့မဟုတ်ပေ၊သူဟာ မျှတစွာဆုံးဖြတ်ချက်ချသူတွေဖြစ်တာကြောင့် ကျောင်းသားရဲ့လူတွေဟာ မှားယွင်းနေရင်တော့ လစ်လျူရှုရန်ဆုံးဖြတ်ချတတ်ကြသည်၊