Chapter-130
3.1K 352 10
Zawgyi
နောက်တစ်နေ့မနက်မှာတော့ ရှဇီးအင်ပါယာဆီကို ဒန်နာရီတို့လှည်းရောက်လာပြီးနောက်မှာ သူတို့ကအနားယူရန်အတွက် တည်းခိုခန်းတွေရှာဖွေတော့သည်၊
တည်းခိုခန်းကို အကြာကြီးရှာဖွေခဲ့ပေမယ့် သားရဲစီးနင်းပြိုင်ပွဲရှိတာကြောင့် တည်းခိုခန်းတိုင်းက လူပြည့်နေတော့သည်၊သူတို့က တစ်မြို့လုံးရှာဖွေပေမယ့် လွတ်နေတဲ့အခန်းတစ်ခန်းပင် မရှိချေ၊
နောက်ဆုံးမှာတော့ မနက်စာစားရန်အတွက်သာ ဆိုင်တစ်ဆိုင်ကို ရွေးလိုက်တော့သည်၊မဒမ်နွန်းဟာ မျိုးရိုးမြင့်ကသခင်မဖြစ်တာကြောင့် နာမည်ကြီးစားသောက်ဆိုင်ကြီးရဲ့အထူးအထပ်မှာ မှာယူစားသောက်ခွင်ရှိတာကြောင့် ဒန်နာရီတို့အဖွဲ့ဟာ မနက်စာအတွက် ခုံနေရာကို အကြာကြီးမရှာလိုက်ရပေ၊
ဒါပေမယ့် အဓိကဇာတ်ကောင်အော်ရာတွေပိုင်ဆိုင်ထားတဲ့ဒန်နာရီတို့အဖွဲ့က အေးဆေးနေရမည်လော၊
ဒန်နာရီတို့အထူးအထပ်ကိုရောက်လာချိန်မှာ လူငယ်တစ်ချို့က မကျေနပ်စွာပြောဆိုနေသံတွေကိုကြားလိုက်ရသည်၊ ဒါပေမယ့် သူတို့နဲ့မဆိုင်တာကြောင့် ဒန်နာရီတို့အဖွဲ့က စားပွဲကိုလိုက်ပြပေးတဲ့စားပွဲထိုးလေးနောက်ကိုသာ လိုက်သွားသည်၊
"ငါတို့အဆင့်အတန်းက ဘာဖြစ်နေလို့လဲ!" လူငယ်တစ်ဦးက စားပွဲထိုးအလုပ်သမားလေးကို တင်းမာနေတဲ့လေသံနဲ့မေးလိုက်သည်၊
"အထူးအထပ်ကို သခင်လေးတို့ဝင်မရပါဘူးဗျ၊ ဒုတိယထပ်ကို ကြွပေးပါ" စားပွဲထိုးလေးက လေးလေးစားစားနဲ့ပြောဆိုလိုက်ပေမယ့် တစ်ဖက်က ဒေါသကြီးစွာ လက်ပါလာတော့သည်၊
*ဖြန်း* ကျယ်လောင်တဲ့ပါးချသံက ပတ်ဝန်းကျင်ကိုပြန့်နှံ့သွားပြီး မဒမ်နွန်းရဲ့ခြေလှမ်းများလည်း ရပ်တန့်သွားတော့သည်၊
စားပွဲထိုးရဲ့ခန္ဓာကိုယ်က အနည်းငယ်ယိုင်ယဲ့သွားပြီး ပါးတစ်ခြမ်းက နီရဲသွားပေမယ့် ရပ်နေဆဲပင်၊ဒါကြောင့် တစ်ဖက်ကလူငယ်က ​ပိုပြီးစိတ်တိုလာကာ နောက်တစ်ကြိမ်လက်မြှောက်လာချိန်မှာ တားဆီးတဲ့အသံထွက်လာတော့သည်၊