Chapter -65
4.1K 685 16
Zawgyi
ဒန်နာရီရဲ့မြင်ကွင်းများဟာ မှုန်ဝါးသွားခဲ့ပြီး အခန်းတစ်ခုထဲကို ရောက်နေပြီး ကုတင်ပေါ်မှာ အသက်ဆယ့်ငါးနှစ်အရွယ်ကောင်လေးဟာ လဲလျောင်းနေတော့သည်၊
ဒန်နာရီရဲ့ပထမဆုံးစစ်ပွဲဖြစ်ပြီး အိမ်ရှေ့စံမင်းသားအိုလီဘာ စတင်ကျော်ကြားရာနေရာလည်းဖြစ်သည်၊ထိုအချိန်က ဒန်နာရီကသာ အစစအရာရာကူညီခဲ့ပြီး အိမ်ရှေ့စံသဘောကို လုပ်ဆောင်ပေးခဲ့သည်၊
သူဟာ ထိုတိုက်ပွဲမှာ စွမ်းအင်ကုန်ခမ်းကာ တစ်ပတ်ခန့်မေ့မျောနေပေမယ့် အိမ်ရှေ့စံဟာ လာရောက်မကြည့်ရှုခဲ့ပေ၊ဒန်နာရီဟာ ပိန်ပြီး လေတိုက်ရင်လဲကျတော့မည့်သူရဲ့ပုံရိပ်ကို စိုက်ကြည့်နေခဲ့သည်၊
ထိုချိန်နှာ အစေခံတစ်ချို့ဟာ ဝင်ရောက်လာပြီး အခန်းကို သန့်ရှင်းရေးလုပ်ပေးရင်း အိပ်ပျော်နေတဲ့ဒန်နာရီကို လှောင်ရီကာကြည့်လိုက်သည်၊
"အရှင်မင်းသားက သခင်လေးအန်ဒီးယားနဲ့ချစ်ကြိုက်နေပြီ ဒါပေမယ့် ဒီကောင်က အရှင်မင်းသားဆီ အတင်းဖက်တွယ်ကပ်နေသေးတာပဲ"
"သခင်လေးအန်ဒီးယားက အဲ့အကြောင်းကိုသိပေမယ့် သဘောထားကြီးကြီးခွင့်လွှတ်ပေးထားတာ...ဘယ်လိုတောင် မွန်မြတ်လှလဲ"
"မင်းသားကလည်း ဒီကောင်ကို သနားလို့ပါဟယ်"
သူတို့ပြောတဲ့အကြောင်းအရာတွေကို ဝိညာဉ်ဒန်နာရီဟာ အကုန်ကြားလိုက်ရသည်၊သူဟာ အံ့ကြိတ်လိုက်သည်၊သူအသက်ဆယ်လေးနှစ်မှာ အိုလီဘာဟာ သူ့ကိုချစ်ခွင့်ပန်ခဲ့ပြီး သူတို့ဟာ ချစ်သူတွေဖြစ်ခဲ့ကြပေမယ့် သူတို့အကြောင်းကို အိုလီဘာသာ သိခဲ့သည်၊
ဒီအစေခံမိန်းမပျိုတွေဟာ နန်းဆောင်ကသူတွေဖြစ်တာကြောင့် အိုလီဘာနဲ့အန်ဒီးယားချစ်သူဖြစ်တာကို အကုန်လုံးနီးပါးသိထားပုံရသည်၊
ဒန်နာရီရဲ့ဝိညာဉ်ဟာ ပန်းခြံဘက်ကို ရောက်သွားတော့သည်၊ထိုနေရာပုံရိပ်နှစ်ခုက မတ်တပ်ရပ်နေတော့သည်၊ထိုပုံရိပ်တွေဟာ အိုလီဘာနဲ့အန်ဒီးယားသာဖြစ်သည်၊
"ကိုကိုအိုလီဘာ ကျွန်တော့်ဘက်ကို ငှဲ့စရာမလိုပါဘူး...ကိုကိုအိုလီဘာက အစ်ကိုဒန်နာရီကို အနီးနားမှာ ထားတာ ဘာကြောင့်လဲသိပါတယ်... " အန်ဒီးယားဟာ နားလည်ပေးဟန်ပြောပေမယ့် သူရဲ့အမူအရာဟာ ဝမ်းနည်းနေပံရသည်၊