Chapter -81
4K 625 6
Zawgyi
တစ်ပတ်ကြာတိုင်အောင် မင်းသားဂျော့ဖရေးနဲ့ဒန်နာရီတို့ရဲ့ကျော်ကြားမှုဟာ လူပြောအများဆုံးဖြစ်နေဆဲပေ၊
လက်ရှိမှာတော့ နန်းတော်ထဲမှာ လူတိုင်းဟာ အလုပ်များနေတော့သည်၊မကြာခင်မှာ မှော်အဖွဲ့အစည်းက ဒုတိယခေါင်းဆောင်ပါ ရောက်လာတော့မှာမို့လို သူတို့ဟာ စိတ်လှုပ်ရှားနေကြတော့သည်၊
"မှော်အဖွဲ့အစည်းကအကြီးအကဲတွေက မှော်အင်းကွက်ရေးဆွဲနိုင်တဲ့သူတွေကို သူတို့ကျောင်းတော်မှာတက်ရောက်ဖို့ လာရွေးချယ်တာတဲ့"
"နင်က သေချာမသိလို့ပါနော် ငါ့သူငယ်ချင်းက ဧကရီနားမှာ ခစားတာလေ သူပြောပြတာ... သခင်လေးအန်ဒီးယားအတွက်လာတာတဲ့... နင်သိတယ်မလား သခင်လေးအန်ဒီးယားရဲ့မှော်အင်းကွက်ရေးဆွဲနိုင်စွမ်းက ထိပ်တန်းလေ...သူက အဲ့အတွက်မွေးဖွားလာသလိုပဲတဲ့" နန်းတွင်းမိန်းမပျိုလေးတွေက သူမတို့ထင်ရာ​မြင်ရာများကို တိုးတိုးဆွေးနွေးနေကြတော့သည်၊
အင်ပါယာမင်းကလည်း အခမ်းအနားကိုသေချာပြင်ဆင်ပြီးသားပင်၊မကြာခင်မှာ ကြီးမားတဲ့နေရာကူးပြောင်းရေးမှော်စက်ကွင်းကြီးပေါ်လာပြီး လူတစ်​ယောက်ပြီးတစ်ယောက်ထွက်လာတော့သည်၊အားလုံးပေါင်း ဆယ့်ငါးယောက်ရှိပြီး အကုန်လုံးဆီကနေ ကြီးမားတဲ့ဖိအားတွေကို ရရှိနေတော့သည်၊
"ဒါက မှော်အဖွဲ့အစည်းက ကျွမ်းကျင်သူတွေလား...သူတို့စွမ်းအားတွေက ပြင်းထန်လိုက်တာ"လူတိုင်းက ရောက်လာတဲ့သူတွေကိုကြည့်ရင်း ပြောလိုက်မိသည်၊
ထိုချိန်မှာ အင်ပါယာမင်းအဖွဲ့ဦးဆောင်လာတဲ့အဖွဲ့ကလည်း ရောက်လာပြီး မှော်အဖွဲ့အစည်းကအရေးကြီးပုဂ္ဂိုလ်တွေကို ကြိုဆိုတော့သည်၊
"ကိုယ်တော်ရဲ့သေးငယ်တဲ့အင်ပါယာကို ဒုအကြီးအမှူးကိုယ်တိုင်ကြွရောက်လာတဲ့အတွက် ဝမ်းမြောက်ဝမ်းသာဖြစ်မိပါတယ်" အင်ပါယာမင်းစကား​ကြောင့် ဒုအကြီးအမှူးကခေါင်းခါလိုက်ပြီး မလိုကြောင်းပြောလိုက်သည်၊ထို့နောက်မှာ သူ့ရဲ့မျက်လုံးတွေက အနောက်ကလူငယ်ဆီရောက်သွားတော့သည်၊