Chapter-107
2.7K 415 1
Zawgyi
ပထမနှစ်ရဲ့ပထမတန်းကကျောင်းသားက တတိယနှစ်ကျောင်းသားဖြစ်ပြီး တိုက်ခိုက်ရေးကွင်းရဲ့အဆင့်လေးဆယ်ချိတ်ထားတဲ့သူကို အနိုင်ရရှိခဲ့တဲ့သတင်းက ကျောင်းတော်မှာ လူအပြောအများဆုံးသတင်းဖြစ်လာတော့သည်၊
ဒါက စိန်အဆင့်ဆရာက ပထမနှစ်ကျောင်းသားကို တပည့်အဖြစ် ကမ်းလှမ်းခဲ့တဲ့သတင်းကိုဖုံးအုပ်သွားတော့သည်၊လူတိုင်းက အခုချိန်မှာဆိုရင် ဒန်နာရီ ရိုစဲဆလပ်ရဲ့နာမည်ကို သိနေကြပြီး စောင့်ကြည့်နေတော့သည်၊
ပထမနှစ်ရဲ့ပထမတန်းကျောင်းဆောင်ရှေ့မှာတော့ ကျောင်းသားတစ်ဦးကဒူးထောက်နေတော့သည်၊ကျောင်းသားတွေက ထိုကျောင်းသားကိုမြင်တော့ တစ်ချို့ကအံသြကျသလို တစ်ချို့ကတော့ အထင်သေးစွာကြည့်သွားတော့သည်၊
"စီနီယာဂျော့ဖရေးမှာ စေ့စပ်ထားတဲ့သူမရှိလို့ ချစ်ခဲ့တုန်းကတော့ လက်ခံနိုင်ပါသေးတယ်...အခုတော့ စေ့စပ်ထားတဲ့ကောင်လေးကိုမနိုင်တော့ သူများနှာခေါင်းပေါက်အသုံးပြုတယ်...အဲတာလည်းမနိုင်ဘူး..."
"ငါတော့ ဝမ်းသာတယ်...စီနီယာတွေက ငါတို့ဂျူနီယာတွေဆိုရင် အထင်သေးတာလေ...အခုတော့ ကျော်ကြားလှပါတယ်ဆိုတဲ့စီနီယာတောင် ငါတို့ပထမနှစ်ဆောင်မှာ ဒူးထောက်နေရပြီ" ပထမနှစ်ကျောင်းသားတွေက ရယ်မောပြောဆိုရင်း ဖြတ်သွားချိန်မှာ ချဲလ်ရဲ့မျက်နှာဟာ ဒေါသကြောင့်ကော၊အရှက်ကြောင့်ကော ဒေါသထွက်နေတော့သည်၊
'အဲကောင်သာ လေမကြီးခဲ့ရင် ငါအခုလိုခံရမှာမဟုတ်ဘူး...ငါ့ကို လာကြိုက်တဲ့ကောင်တွေက အသုံးမကျတဲ့ကောင်တွေကြီးပဲ!'
ထိုချိန်မှာ ဒန်နာရီတို့အဖွဲ့လည်းရောက်လာတော့သည်၊ ဒန်နာရီက ချဲလ်ကိုမြင်တော့ အနည်းငယ်တော့ အံ့အားသင့်မိသွားသည်၊ချဲလ်က တကယ်ပဲ ကတိတည်လိမ့်မည်လို့ သူမထင်ခဲ့တာ အမှန်ပေ၊ဒါပေမယ့် ဒန်နာရီကလည်း လျှော့ပေါ့ပေးရန် စိတ်ကူးမရှိပေ၊
"မဆိုးပါဘူး" ဒန်နာရီက ထိုစကားတစ်ခွန်းသာပြောပြီးနောက်မှာ အတန်းဘက်ကိုထွက်သွားတော့သည်၊အီရှတို့က အစတည်းကပင် ချဲလ်ကို ဂရုမစိုက်တာကြောင့် တစ်ချက်သာကြည့်ပြီး ထွက်သွားတော့သည်၊