Chapter-97
3.4K 540 4
Zawgyi
နောက်တစ်နေ့မှာတော့ ဂျော့ဖရေးရဲ့ကျော်ကြားမှုထက် ဒန်နာရီကျော်ကြားမှုက ပိုလွှမ်းမိုးသွားတော့သည်၊ဘာကြောင့်လဲဆိုတော့ လူတိုင်းက ဒန်နာရီက သုံးမြွှာမှော်ဆရာဖြစ်နေတာတစ်ကြောင်း spiritထိန်းကျောင်းသူတွေထဲမှာ စာချုပ်ချုပ်ရအခက်ဆုံးအဆင့်ထဲမှာ ရှားပါးတဲ့အလင်းspiritအမျိုးအစားကို ပိုင်ဆိုင်ထားတဲ့အပြင် အလင်းကိုကိုယ်စားပြုနိုင်တဲ့သခင်ကျားဖြူကိုလည်း ပိုင်ဆိုင်ထားတယ်လေ၊
ဒါတောင် သူတို့က ဒီကျောင်းသားရဲ့အရည်အချင်းအနည်းငယ်မြင်တွေ့ရသေးမှန်း ခန့်မှန်းပြီးသားပင်၊အလင်းမှော်ဆရာဆိုတဲ့ဂုဏ်ပုဒ်နဲ့တင် ကျောင်းသားတွေ ဖွဲ့စည်းထားတဲ့အဖွဲ့တွေက ဒန်နာရီကို အပြိုင်အဆိုင်ဖိတ်ခေါ်လာတာကြောင့် ဒန်နာရီမှာ ကျောင်းတော်က ခန့်ထားတဲ့အစောင့်အရှောက်တပ်သားတွေဆီကနေ ဖိတ်လွှာတစ်စောင်ပြီးတစ်စောင်ကို လက်ခံနေရတော့သည်၊
ဒါက အရည်အချင်းရှိတဲ့ကျောင်းသားတိုင်းအတွက် ကြုံတွေ့ရတဲ့ကိစ္စပေမယ့် ဒန်နာရီရဲ့ကျော်ကြားမှုက သာလွန်တာပေါ့၊
ပြီးတော့ ကျောင်းတော်ရဲ့အကျော်အကြားဆုံးဖြစ်တဲ့ထိပ်တန်းအဖွဲ့အစည်းဆယ်ဖွဲ့ထဲက ငါးဖွဲ့ကတောင် ဒန်နာရီကို အလေးထားပြီးဖိတ်လွှာပို့ထားသေးသည်၊
ဒါက အလင်းမှော်ဆရာတွေကြုံတွေ့ရတဲ့သာလွန်မှုပဲ၊နတ်ဆိုးမှောင်တွေကို ထိရောက်စွာကာကွယ်ပေးနိုင်တဲ့မှော်စွမ်းအားက အလင်းစွမ်းအားဖြစ်တာကြောင့် သူတို့က သန်မာလှတဲ့အလင်းမှော်ဆရာတွေကို ပိုင်ဆိုင်ချင်တာ မထူးဆန်းဘူးလေ၊ပြီးတော့ ဒန်နာရီက ဆယ့်လေးနှစ်ဝန်းကျင်ပဲရှိသေးတာတောင် သန်မာတဲ့အလင်းစွမ်းအားကိုပြသပြီးတာကြောင့် သူတိုက ဒန်နာရီကို ထောက်ပံ့ပေးချင်ကြတာကိုး၊
ဒန်နာရီက အကုန်လုံးရဲ့ဖိတ်ကြားမှုကို ငြင်းပယ်လိုက်ပေမယ့် ဂျော့ဖရေးရဲ့အဖွဲ့အစည်းကိုတော့ မငြင်းပယ်ခဲ့ပေ၊
ဒန်နာရီက ကျောင်းဝတ်စုံကို လဲလိုက်ပြီးနောက်မှာ ရွှေရောင်ဖိတ်စောင်ကို ကိုင်ရင်း ထွက်လာတော့သည်၊ဒန်နာရီထွက်လာလာချင်းမှာ နံရံကိုမှီပြီး မတ်တပ်ရပ်ရင်း စာဖတ်နေတဲ့ဂျော့ဖရေးကိုတွေ့လိုက်ချိန်မှာ ဒန်နာရီရဲ့မျက်လုံးများက နွေးထွေးမှုများဖြတ်သန်းသွားတော့သည်၊