Chapter-54
5.1K 805 1
Zawgyi
ဒန်နာရီတို့ စတင်ထွက်ခွာတော့မည့်ချိန်မှာ ခုနကအဖွဲ့ဟာရောက်လာပြီး သူတို့နဲ့တူတူသွားချင်ကြောင်း ကမ်းလှမ်းလာတော့သည်၊ဒါက ဒန်နာရီတို့အတွက်လည်း အကျိုးမယုတ်စေတာကြောင့် လက်ခံလိုက်ပြီးနောက်မှာ လှည်းထဲကို ခုနက အလင်းမှော်ဆရာဟာ တက်လာတော့သည်၊ဘာလို့လဲဆိုတော့ ထိုအဖွဲ့ရဲ့လှည်းဟာ ပျက်စီးသွားပြီး မြင်းတွေသာ အကောင်းတိုင်းရှိနေသည်၊ရစ်နိုလ်တို့အဖွဲ့ကတော့ မြင်းစီးကာ ပါလာပြီး လှည်းထဲမှာ ဒန်နာရီ၊ရေးလ်နဲ့ထိုမှော်ဆရာသာ ရှိနေတော့သည်၊
"ငါက တျက်စရစ်အင်ပါယာရဲ့အငယ်ဆုံးမင်းသား အန်ချူ နဲလ် စရစ်ထာရာ မင်းကကော" အန်ချူဟာ ဒန်နာရီကို မိတ်ဆက်လာ​တော့သည်၊
"ဒန်နာရီ ရိုစဲဆလပ်ပါ မင်းသား"
"ရိုစဲဆလပ်...တျက်စရစ်အင်ပါယာမှာ ထိုမျိုးနွယ်နာမည်မကြားဖူးပါဘူး မင်းက အခြားအင်ပါယာကလား" အန်ချူအမေးကြောင့် ဒန်နာရီဟာ ရိုသေစွာပြန်လည်ဖြေကြားလိုက်သည်၊
"ဟုတ်ပါတယ်ဗျ ကျွန်တော်တို့က တျက်စရစ်မြို့တော်ရဲ့နေရာကူးပြောင်းမှော်ယန္တရားကို အသုံးပြုပြီး အီရူရယ်အင်ပါယာကိုသွားဖို့ပါဗျ"
"အော်... ရေးလ်ကရော မင်းရဲ့အစေခံလား" ထိုစကားကြောင့် ဒန်နာရီဟာ အနည်းငယ်မျက်မှောင်ကြုတ်သွားတော့သည်၊
"ရေးလ်က ကျွန်တော်ရဲ့သက်တော်စောင့်ပဲ သူက အစေခံမဟုတ်ဘူး" ဒန်နာရီအသံဟာ အနည်းငယ်တင်းမာနေပေမယ့် သူဟာအေးဆေးပြောနေဆဲပင်၊
"ထားပါ ထားပါ... မင်းရဲ့အစေခံကို ငါ့ကို ပြန်ရောင်းပါလား" အန်ချူဟာ ယုံကြည်ချက်အပြည့်နဲ့ပြောလာတော့သည်၊အန်ချူဟာ မြင့်မားတဲ့အလင်းစွမ်းအားနဲ့မွေးဖွားလာပြီး တျက်စရစ်အင်ပါယာရဲ့အလင်းကျောင်းတော်ပင် အန်ချူကို ထောက်ခံကျပြီး အင်ပါယာမင်းကအစ အန်ချူကို အခြားမင်းသားတွေထက် ပိုအလေးထားဆက်ဆံပြီး အန်ချူဟာ အင်ပါယာမင်းရဲ့အချစ်ဆုံးသားသာဖြစ်သည်၊ဒါကြောင့် အန်ချူဖြစ်ချင်တဲ့ဆန္ဒတွေဟာ အမြဲဖြစ်မြောက်ပြီး အန်ချူဟာ ဘဝင်မြင့်သောမင်းသားတစ်ပါးသာဖြစ်သည်။