Chapter -98
4.5K 587 28
Zawgyi
ဒန်နာရီတို့နေ့လည်စာ စားသောက်ပြီးချိန်မှာတော့ လူတချို့က ရောက်လာတော့သည်၊သူတို့ရဲ့ရင်ဘက်မှာ ဟိန်းနေတဲ့ကျားတံဆိပ်ရင်ထိုးရှိနေပြီး ကြည့်ရုံနဲ့ အဖွဲ့အစည်းတစ်ခုကမှန်းသိလိုက်သည်၊
"ကောင်းကင်မီးလျှံကျားအဖွဲ့မလား ဘာလာလုပ်တာလဲမသိဘူး"
"သူတို့က တော်ရုံလူသူရှေ့မထွက်လာတတ်ဘူးလေ"
"ဒန်နာရီကြောင့် ထွက်လာတာလားပဲ"
လူတိုင်းက ထိုအဖွဲ့ကိုကြည့်ရင်း တိုးတိုးတိတ်တိတ်ပြောနေကြတော့သည်၊ဒါပေမယ့် ကောင်းကင်မီးလျှံကျားအဖွဲ့ကလည်း တကယ်ကိုပင် ကျော်ကြားထိုက်တဲ့အဖွဲ့အစည်းပင်၊သူတို့က စီနီယာတန်းတွေက အဖွဲ့ထဲဖိတ်ခေါ်ပြီး အများစုက မီးစွမ်းအားကို ကောင်းစွာထိန်းချုပ်နိုင်သူများသာဖြစ်ကြသည်၊
ဒါကြောင့် 'ကောင်းကင်မီးလျှံကျားအဖွဲ့က ကျောင်းတော်ရဲ့ထိပ်တန်းဆယ်ဖွဲ့မှာ အတိုက်အခိုက်ကြမ်းတမ်းတဲ့အဖွဲ့အဖြစ်ကျော်ကြားလှသည်၊
အနီရောင်ဆံပင်နဲ့ခန့်ခန့်ညားညားယောကျာ်းတစ်ဦးက ဒန်နာရီတို့ဆီရောက်လာတော့သည်၊သူက ဒန်နာရီကိုစိုက်ကြည့်ပြီးနောက်မှာ ဂျော့ဖရေးကိုကြည့်လိုက်သည်၊
"သူက မင်းအဖွဲ့ထဲ ဝင်မှာလား"
"သူကိုယ်တိုင်ဆုံးဖြတ်ချက်ချလိမ့်မယ်" ဂျော့ဖရေးက ထိုလူငယ်ကိုပြောလိုက်ပြီးနောက်မှာ ဒန်နာရီကို ပြုံးကာကြည့်လိုက်သည်၊ဒန်နာရီကလည်း ဂျော့ဖရေးကို တစ်ချက်ကြည့်လိုက်ပြီး သူတို့နားရပ်နေတဲ့လူငယ်ကိုမော့ကြည့်ရင်း ပြောလိုက်သည်၊
"ကျွန်တော်ဝင်မဲ့အသင်းကို ရွေးချယ်ပြီးသားပါဗျ"
"ဒါဆိုရင် စိတ်မကောင်းစရာပဲ..." ထို့နောက်မှာတော့ ထိုခေါင်းဆောင်လူငယ်နဲ့ဂျော့ဖရေးက စကားအနည်းငယ်ပြောဆိုပြီးနောက်မှာတော့ ထွက်သွားကြတော့သည်၊ထို့အဖွဲ့ပဲ လာတာမဟုတ်ပဲ အဖွဲ့တော်တော်များများလာတာကြောင့် ဒန်နာရီမှာ အကြိမ်ပေါင်းစွာငြင်းဆန်နေရတော့သည်၊
"မင်းက ဘယ်အဖွဲ့ကို ရွေးချယ်ဖို့တွေးထားလဲ" အီရှနဲ့ရှီရယ်ကမေးလိုက်တော့သည်၊ဒန်နာရီက သူယူလာတဲ့စာအိတ်ကို ခုံပေါ်တင်လိုက်ပြီး ပြောလိုက်သည်၊