Chapter -25
7.8K 1.2K 16
Zawgyi
ဂျော့ဖရေးဟာ နတ်သူငယ်တောအုပ်ကနေ ဒန်နာရီကို အမတ်ကြီးရဲ့အိမ်တော်ထိ လိုက်လံပို့ဆောင်တော့သည်၊တော်ဝင်လှည်းတော်ဟာ အမတ်ကြီးရဲ့အိမ်တော်ရှေ့ရောက်လာချိန်မှာ အိမ်ရှင်မဖြစ်သည့် ကလီနာဟာ အမြန်ပြင်ဆင်ကာ ထွက်ကြိုရတော့သည်၊ဒါပေမယ့် လှည်းထဲကနေ သူမ သဘောမကျတဲ့မင်းသားရှစ်နဲ့မျိုးမစစ်လေးထွက်လာတာကိုမြင်တော့ ပါးစပ်ထဲအကောင်ဝင်သွားသလို မျက်နှာဟာရှုံ့မဲ့သွားတော့သည်၊
"အရှင်မင်းသား" ကလီနာဟာ အရိုအသေပေးလိုက်ပြီးနောက်မှာ အားတင်းပြုံးလိုက်သည်၊သူမဟာ အိမ်တော်ကို စောစွာပြန်လာပေမယ့် အခုလိုမြင်ကွင်းက သူမရဲ့ရင်ဝကို ဒုတိယအကြိမ်ကန်ခံလိုက်ရသလိုပင်၊ဒီမမြင်ချင်တဲ့နှစ်ယောက်ကို မြင်ပဲမြင်နေရတယ်။
ဂျော့ဖရေးဟာ ကလီနာကို အရေးပင်မလုပ်ချေ၊သူဟာ ဒန်နာရီကိုသာ ဂရုစိုက်ထိန်းလိုက်ပြီးနောက်မှာ
"ကိုကိုသွားတော့မယ်... တစ်ခုခုဆိုရင် ဒီကောင်လေးကနေ ဆက်သွယ်လိုက်နော်" ဂျော့ဖရေးဟာ ပြောလိုက်ပြီးနောက်မှာ သူရဲ့လက်ခုပ်ထဲက​တေ မိုးကြိုးငှက်လေးတစ်ကောင်ထွက်လာကာ ဒန်နာရီရဲ့ခေါင်းပေါ် သွားနားတော့သည်၊ဒန်နာရီဟာ မိုးကြိုးငှက်လေးကို အံ့အားသင့်စွာ ကြည့်လိုက်မိသည်၊
အတိတ်ဘဝက ဂျော့ဖရေးအကြောင်းကို သိပ်မသိပေမယ့် အင်ပါယာမှာအကျော်ကြားဆုံးသောအကြောင်းတစ်ခုကတော့ ဒီမျိုးစိတ်မှော်သားရဲပင်၊
သူတို့အင်ပါယာမှာ မှော်သားရဲဟာ သိပ်မရှိတာကြောင့် ဒီမိုးကြိုးငှက်လေးဟာ ကျော်ကြားသလို အင်အားလည်းကြီးမားလှသည်၊မင်းသားရှစ်တစ်ယောက် လုပ်ကြံခံရတုန်းက ဒီငှက်လေးဟာ မိုးကြိုးစွမ်းအားသုံးကာ ကာကွယ်ခဲ့သည့်သတင်းဟာ အင်ပါယာတခွင်ကျော်ကြားရုံသာမက အင်ပါယာမင်းပင် ဒီငှက်လေးကို မင်းသားရှစ်ဆီက လက်ဆောင်တောင်းဆိုခဲ့သေးသည်၊
ဒီငှက်လေးက အနာဂတ်မှာ ကိုကိုရဲ့အသက်ကို ကယ်တင်မဲ့သူလေးပေါ့၊ဒန်နာရီဟာ ပြုံးလိုက်ပြီး သူ့ခေါင်းပေါ်က ငှက်လေးကို ငြင်ငြင်သာသာလေး ပွတ်ပေးလိုက်သည်၊