Chapter -66
4K 663 3
Zawgyi
ဒန်နာရီဟာ ပြောင်းလဲသွားတဲ့မြင်ကွင်းကို ကြည့်နေခဲ့သည်၊ဒီတစ်ခေါက်မြင်ကွင်းတွင်ဟာ သူ့ဘဝရဲ့အထ်အခိုက်ဆုံးနဲ့နောင်တအရဆုံးတွေ ဖြစ်ခဲ့သည်၊
သူဟာ ရွာတစ်ရွာရဲ့အလယ်မှာ ရပ်နေခဲ့သည်၊သူရဲ့ခန္ဓာကိုယ်ထဲကနေ များပြားတဲ့မှော်စွမ်းအင်တွေ ထုတ်ယူနေပြီး ကောင်းကင်ရှိ အနက်ရောင်မှော်စက်ဝိုင်းကြီးကို စိုက်ကြည့်နေခဲ့သည်၊
ဝိညာဉ်ဒန်နာရီဟာလည်း မြင်ကွင်းကို မတုန်လှုပ်ပဲကြည့်နေခဲ့ပြီး လက်ရှိတည်နေရာဟာ ဒန်နာရီရဲ့အိပ်မက်ဆိုးများပင်၊သူဟာ ဒီရွာကလူတွေကို ကယ်တင်ဖို့ အားကုန်ကြိုးစားခဲ့ပေမယ့် သက်ရှိတစ်ယောက်ကိုတောင် မကယ်တင်နိုင်ခဲ့ပေ၊သူရဲ့မြင်ကွင်းရှေ့မှာ ရွာသားတွေဟာ ကျိန်စာဖြစ်သလို တစ်ကိုယ်လုံးမဲနက်လာကာ အသက်သေဆုံးခဲ့ရသည်ကို ဒန်နာရီကြည်နေခဲ့ရသည်၊
ဝိညာဉ်ဒန်နာရီဟာ မျက်ဝန်းထောင့်မှာ လှမ်းမြင်လိုက်တဲ့အဖြူအရိပ်ကြောင့် အံ့အားသင့်သွားတော့သည်၊ထိုနောက်မှာ သူဟာ ချက်ချင်းအနောက်ကနေ လိုက်သွားတော့သည်၊
'အန်ဒီးယားက ဘာကြောင့် ဒီကိုရောက်နေရတာဘဲ'
ထိုတုန်းက သူသိခဲ့တာဟာ အန်ဒီးယားဟာ အမြဲတစေ အိုလီဘာနဲ့သာရှိနေခဲ့ပြီး ဒီရွာပျက်စီးသွားတဲ့အထိ သူတို့ဟာရောက်မလာခဲ့ပေ၊ဒါဟာ အတော်ကိုဒေါသထွက်စရာကောင်းပေမယ့် သူတို့ဟာ အပြစ်တွေအားလုံးကို ဒန်နာရီပေါ်သာ လွဲချခဲ့သည်၊
"ခင်ဗျားတို့ မပြီးနိုင်သေးဘူးလား"
"ငါတို့သွေးနည်းနည်းလိုသေးတယ်" အန်ဒီးယားဟာ   လူတစ်ချို့နဲ့စကားပြောနေပုံရပြီး ဒန်နာရီဟာ အနီးကပ်သွားကြည့်လိုက်ချိန်မှာ အလွန်ထိတ်လန့်သွားတော့သည်၊
'နတ်ဆိုးလူသားတွေလား' ထိုလူသားတွေရဲ့ကိုယ်ပေါ်ကစွမ်းအင်ဟာ နတ်ဆိုးအငွေ့အသက်တွေနဲ့ဆင်လှသည်၊အန်ဒီးယားဟာ ဘာကြောင့် နတ်ဆိုးတွေနဲ့အဆက်အသွယ်လုပ်ရတာလဲ၊ထိုနောက်မှာ ဒန်နာရီအကြည့်တွေဟာ ရှေ့က သွေးပုလင်းဆီရောက်သွားတော့သည်၊