Zawgyi
ဒန်နာရီဟာ သူ့ဆီလျှောက်လာတဲ့ဂျော့ဖရေးကို ပြုံးရင်းကြည့်နေတော့သည်၊အရယ်အပြုံးနည်းလှတဲ့ဒန်နာရီမျက်နှာထက်မှာ အပြုံးတစ်ပွင့်လေးထင်ထားတာကို အခြားသူတွေမြင်ချိန်မှာ မှင်သက်သွားတော့သည်၊
ဒန်နာရီက ငယ်သေးပေမယ့် ကြည့်ကောင်းပြီး လှပတဲ့ကောင်လေးဖြစ်တာကိုတော့ သူတို့လက်ခံကြသည်၊ဒါပေမယ့် လူတစ်ယောက်က ပြုံးလိုက်တဲ့အချိန်မှာ သူတို့ရဲ့စိတ်အာရုံကိုပြုစားသွားနိုင်တဲ့အထိ လှပလိမ့်မည်မထင်ခဲ့တာအမှန်ပေ၊
ဂျော့ဖရေးကတော့ ဒန်နာရီအနားရောက်ချိန်မှာ ဒန်နာရီရဲ့ပါးလေးကို ဖွဖွလေးပွတ်သတ်ပေးလိုက်ပြီး လက်ကိုလှမ်းယူရင်း လက်ဖမိုးကို ဖွဖွလေးနမ်းလိုက်သည်၊ဒန်နာရီရဲ့နားထိပ်လေးတွေက ရဲတက်သွားပေမယ့် သူဟာ ဂျော့ဖရေးရဲ့လက်မောင်းကို ပွေ့ဖက်ထားလိုက်သည်၊
ထိုမြင်ကွင်းကို ကြည့်ရင်း လူတိုင်းကအားကျနေတော့သည်၊ဒန်နာရီကို ဂျော့ဖရေးက သိပ်ချစ်တာမြင်တော့ သူတို့အတွက် လုံးဝမျှော်လင့်ချက်မရှိတော့သည်ကို နားလည်လှသည်၊ဘာလို့လဲဆိုတော့ ဂျော့ဖရေးမျက်လုံးထဲမှာ ဒန်နာရီသာရှိနေသည်၊
ချဲလ်ကလည်း အခြားသူတွေလိုပင်၊သူက အရင်ရက်က ဒန်နာရီကို ခေါင်းထဲတောင်မထည့်ပဲ လူအများအရှေ့မှာ ဂျော့ဖရေးကိုချစ်ခွင့်ပန်ခဲ့တာက ဂျော့ဖရေးက သူ့အပေါ်ခံစားချက်ရှိနိုင်တယ်ထင်မိလို့ဖြစ်သည်၊
ဒါပေမယ့် ဂျော့ဖရေးက သူ့ကိုငြင်းခဲ့သည်၊ဒန်နာရီလို ဘာမှမဟုတ်တဲ့ကောင်အတွက်နဲ့ သူ့လိုကျောင်းတော်ကတောင် အလေးထားရတဲ့သူကို ငြင်းပယ်သွားတာ ချဲလ်က မကျေနပ်တာကြောင့် သူ့ကိုသဘောကျနေတဲ့ဂျူရိန်းကို မျှော်လင့်ချက်ပေးခဲ့သည်၊ဒါမှ ဂျော့ဖရေးနဲ့တိုက်ခိုက်ပြီး ဂျော့ဖရေးကို နာမည်ပျက်အောင် ကြံရွယ်ခဲ့သည်၊
ဒါပေမယ့် ဂျူရိန်းသာ မျက်နှာပျက်ခဲ့ရသည်ကိုမြင်ရတဲ့အပြင် ဂျော့ဖရေးက ဒန်နာရီအပေါ် အလွန်ချစ်မြတ်နိုးကိုမြင်တော့ မနာလိုအူတိုမိသည်၊ထိုနေရာကမှ သူ့နေရာဖြစ်သင့်ပြီး အကုန်လုံးရဲ့မြောက်ပင့်ချီကျူးမှုတွေ၊အားကျမှုတွေကို သူသာခံသင့်သည်၊
YOU ARE READING
FantasyStarted date: 10.8.2021 End date: 1.3.2023 Own Creation Season-1 (The End) သူ့ချစ်သူက သူ့အပေါ် သစ္စာဖောက်ခဲ့တယ်... သူ့သက်တော်စောင့်ကလည်း သူ့အပေါ် နောက်ကျောဓားထိုးခံတယ်... သူရဲ့မိသားစုကလည်း သူအပေါ် မိသားစုတစ်ယောက်လို မဆက်ဆံခဲ့ဘူး... သူရဲ့ပညာတွေ .သူရ...