Zawgyi
အန်ဒီးယားမှာ နာကျင်မှုနဲ့အတူ ဝင်္ကပါအပြင်ဘက်ကိုပြန်ရောက်လာတော့သည်၊အန်ဒီးယားက သူ့ကိုယ်သူပွေ့ဖက်လိုက်ပြီး စောနကကြုံတွေ့ခဲ့ရတဲ့အဖြစ်အပျက်ကြောင့် ကြောက်လန့်နေတုန်းပင်၊
"တစ်မိနစ်တောင် မပြည့်ပဲနဲ့ လူတစ်ယောက်ထွက်လာပြီဟ" ပထမနှစ်ကျောင်းသားတွေထဲက ကျောင်းသားတစ်ယောက်က ထပြောလာချိန်မှာ လူတိုင်းရဲ့အကြည့်က အန်ဒီးယားဆီရောက်လာတော့သည်၊အန်ဒီးယားလည်း ပုံမှန်လေထုမဟုတ်တဲ့အခြေအနေကို ရိပ်မိသွားပြီး ကြောက်လန့်မှုတွေကို အမြန်ခါချလိုက်သည်၊
"ဒါက ဆရာလျူးဝစ်ရဲ့တပည့်မလား..."
"ခွီးးးး" ကျောင်းသားတစ်ဦးရဲ့ကျယ်လောင်တဲ့ရယ်သံထွက်ပေါ်လာချိန်မှာ လူတော်တော်များများကလည်း မျက်နှာထက်မှာ ရယ်ချင်စိတ်များပေါ်ပေါက်နေတော့သည်၊အန်ဒီးယားက ရှက်ရွံ့မှုကြောင့် မျက်နှာတွေရဲနေပြီး လက်သီးကိုကျစ်ကျစ်ဆုပ်ရင်း ခေါင်းငုံ့သွားတော့သည်၊
"တိတ်တိတ်နေကျ" ကြီးကြပ်သူက ကျောင်းသားအန်ဒီးယားက ရှက်ရွံ့သွားတာသိလိုက်တာကြောင့် အခြေအနေကိုဝင်ထိန်းလိုက်သည်၊ဒါပေမယ့် ကျောင်းသားတွေရဲ့စကားသံကတော့ သိပ်ပြီးမရပ်စဲသွားသေးပေ၊
"ပြောတော့ လေတစ်လုံး မိုးတစ်လုံးနဲ့...စံချိန်တော့ မှီပါတယ်...ကျောင်းတော်မှာ ပထမဆုံး စက္ကန့်သုံးဆယ်နဲ့ အထုတ်ခံလိုက်ရတဲ့စံချိန်လေ...ဟားဟား" စီနီယာတစ်ဦးက ကျယ်လောင်စွာရယ်မောပြောဆိုလာချိန်မှာ ကျန်တဲ့သူကလည်း ဝိုင်းထောက်ခံလာတော့သည်၊ဒါကြောင့် အန်ဒီးယားက မျက်ရည်များအိုင်လာပြီး တရှိုက်ရှိုက်နဲ့ငိုယိုလာတော့သည်၊
"တော်တော့ ဟိုမှာ ငိုသွားပြီ...တော်ကြာ ဆရာလျူးဝစ်က သူ့တပည့်ကို အနိုင်ကျင့်လို့ ငါတို့ကို လာအပြစ်ပေးနေအုံးမယ်" အန်ဒီးယားငိုနေတာကို သတိထားမိသွားတဲ့စီနီယာကျောင်းသားက သူ့သူငယ်ချင်းကို သတိပေးလိုက်သည်၊
"ဟ...သူ့ကို ဘယ်သူက စောစောထွက်ခိုင်းလို့လဲ...ပုံမှန်ဆို ငါမပြောပါဘူး သူက ဒန်နာရီတို့က သခင်ကျားဖြူကြောင့် မမျှတဘူး၊ဘာညာလုပ်နေတာလေ...'ကျွန်တော်တို့လို ကြိုးစားအားထုတ်တဲ့ကျောင်းသားတွေအတွက် မမျှတဘူး'လို့ ပြောခဲ့တာ သူမဟုတ်ဘူးလား"
ESTÁS LEYENDO
FantasíaStarted date: 10.8.2021 End date: 1.3.2023 Own Creation Season-1 (The End) သူ့ချစ်သူက သူ့အပေါ် သစ္စာဖောက်ခဲ့တယ်... သူ့သက်တော်စောင့်ကလည်း သူ့အပေါ် နောက်ကျောဓားထိုးခံတယ်... သူရဲ့မိသားစုကလည်း သူအပေါ် မိသားစုတစ်ယောက်လို မဆက်ဆံခဲ့ဘူး... သူရဲ့ပညာတွေ .သူရ...