Chapter-59
4.8K 754 7
Zawgyi
'ဆိတ်ငြိမ်သက်ခြင်း'နယ်မြေမှာ အရိုင်းစိတ်သားရဲများရှိပြီး သတ်ဖြတ်ရာမှာ ကျွမ်းကျင်လှသည်၊သူတို့ဟာ သူတို့သတ်မှတ်ထားတဲ့နယ်မြေအတွင်း ကျူးကျော်လာတဲ့သူတွေကို သေတဲ့အထိတိုက်ခိုက်တတ်ကျသည်၊
အခုလည်း ဒန်နာရီတို့အဖွဲ့ဟာ ခေါင်းသုံးလုံးပါရှိတဲ့ဝံပုလွေမှော်သားရဲတစ်သိုက်နဲ့ရင်ဆိုင်နေရပြီး ထိုမှော်သားရဲတွေဟာ လေစွမ်းအားအခြေခံသားရဲများဖြစ်ပြီး စုပေါင်းတိုက်ခိုက်သည့်အခါမှာ မြို့တစ်မြို့ကို ဖြိုချနိုင်တဲ့အထိ အင်အားကြီးလှသည်၊
ခေါင်းသုံးလုံးဝံပုလွေတွေကို 'အဲလ်ဓန်' လို့ခေါ်တဲ့ဒေသမှာပဲ အများအားဖြင့်နေထိုင်ပြီး သောတပိုင်နယ်မြေမှာတွေ့ရတော့ အနည်းငယ်တော့ အံ့အားသင့်သွားတာ အမှန်ပေမယ့် သောတပိုင်တောအုပ်ဟာ အင်ပါယာတိုင်းမှာ ထူးခြားတဲနယ်မြေအဖြစ်သတ်မှတ်ခံထားရတာကြောင့် သူတို့ဟာ အများကြီးတော့ အံ့အားမသင့်သွားပေ၊
ပြီးတော့ ဒီခေါင်းသုံးလုံးဝံပုလွေတွေဟာ 'အဲလ်ဓန်'ဒေသကမှော်သားရဲတွေထက် အင်အားနည်းကာ အကောင်သေးလှသည်၊ပုံမှန်အားဖြင့် ခေါင်းသုံးလုံးဝံပုလွေတွေဟာ ငါးမီတာကနေ ခုနှစ်မီတာအတွင်းရှိကြပြီး ယခုခေါင်းသုံးလုံးဝံပုလွေတွေကတော့ သုံးမီတာနားသာ ရှိပြီး ဟျူယာနဲ့ပင် မတိမ်းမယိမ်းပေ၊
"ဒီမှော်သားရဲအုပ်ကို ကျုပ်တို့ရှင်းလိုက်မယ်" ဟျူယာဟာ သူရဲ့လက်နက်ကိုထုတ်လိုက်ပြီးပြောလိုက်သည်၊သူ့ပုံစံဟာ အရမ်းကိုတက်ကြွနေကာ ခေါင်းသုံးလုံးဝံပုလွေပင် ဟျူယာအရှိန်ကြောင့် အနောက်ကို တွန့်ဆုတ်သွားတော့သည်၊
ဒါပေမယ့် လေးမီတာလောက်ရှိတဲ့ဝံပုလွေဟာ ခေါင်းမော့ကာ အူလိုက်ပြီး ကျန်တဲ့ဝံပုလွေတွေကို အမိန့်ပေးစေခိုင်းလိုက်ပုံရပြီး ဝံပုလွေတွေဟာ ညဘီလူးတွေကို မာန်ဖီလိုက်ပြီး ရှေ့တိုးကာတိုက်ခိုက်တော့သည်၊
ဟျူယာဟာ ပြုံးလိုက်ပြီးနောက်မှာ သူရဲ့လက်ကိုရွေ့လိုက်ပြီး ဝင်ရောက်တိုက်ခိုက်ရန်ကြိုးစားလာတဲ့ဝံပုလွေရဲ့ခေါင်းကို ဖြတ်ရိုက်လိုက်တော့သည်၊