Chapter-132.2
2.1K 275 1
Zawgyi
ကျူးဆို့သားရဲဟာ တစ်ဖက်ရှိဖရစ်ဖေးလ်သားရဲကို ဟိန်းဟောက်လိုက်ချိန်မှာ သာမန်ပွဲကြည့်ပရိတ်သတ်များက နာကျင်စွာအော်ဟစ်လာတာကြောင့် စီစဉ်သူတွေက မှော်စွမ်းအင်များနဲ့အကာတစ်ထပ်လုပ်လိုက်သည်၊ထိုအချိန်ရောက်မှ ကြည့်ရှုသူတွေက သက်သာသွားတော့သည်၊
"ကျူးဆို့သားရဲဆိုတာ တကယ်ကြောက်စရာကြီးဆိုတာ ယုံသွားပြီ"
ပရိသတ်တွေက ကျူးဆို့သားရဲကြီးကို ကြောက်လန့်စွာကြည့်ရင်း ပြောနေကြတော့သည်၊ဒါပေမယ့် ကျူးဆို့ကို လောင်းထားတဲ့သူတွေကတော့ ပျော်ရွှင်နေကြတော့သည်၊သားရဲက ကွင်းပြင် နေရာရွေ့လိုက်ချိန်မှာ သူတို့မှာ လိုက်ပင်မကြည့်နိုင်အောင် မြန်လွန်းတာကြောင့် "ဝိုး"သာ တရတော့သည်၊
ဖရစ်ဖေးလ်သားရဲကြီးကတော့ ကွင်းလယ်မှာငြိမ်သက်စွာနေနေရင်း အမြှီးဖြစ်တဲ့အဖြူရောင်မြွေရဲ့ခေါင်းကတော့ လှုပ်ရင်း ကျူးဆို့သားရဲကို လိုက်ကြည့်နေသည်၊ဒါက တချို့သောမှော်ဆရာတွေသာ သတိထားမိပြီး သတိမထားမိတဲ့သူတွေကတော့ ဖရစ်ဖေးလ်က ကျူးဆို့သားရဲကို မျက်ခြေပြတ်နေတယ်လို့သာတွေးနေကြတော့သည်၊
ကျူးဆို့သားရဲသခင်ကလည်း မောက်မာနေတဲ့အမူအရာနဲ့ သူက တစ်ဖက်သားရဲသခင်ကိုကြည့်လိုက်ပြီး သူ့သားရဲကို တိုက်ခိုက်ရန်အမိန့်ပေးလိုက်သည်၊
ကျူးဆို့သားရဲရဲ့အဝါရောင်မျက်လုံးများက ရက်စက်မှုများဖြတ်သန်းသွားပြီး သူက ဖရစ်ဖေးလ်သားရဲဆီကို ပြေးဝင်သွားပြီး လည်ပင်းကို လှမ်းပြီးကိုက်ခဲရန် ပါးစပ်ကိုဝလိုက်ချိန်မှာ ဖရစ်ဖေးလ်သားရဲက ခန္ဓာကိုယ်ကညာဘက်လှည့်ရွေ့လိုက်ပြီး အမြှီးရှိမြွေဖြူဟာ ကျူးဆို့သားရဲရဲ့လည်ပင်းနားကို လှမ်းကိုက်ခဲလိုက်တော့သည်၊မြွေဖြူရဲ့လှုပ်ရှားမှုက အလွန်လျင်မြန်တာကြောင့် ကျူးဆို့သားရဲသခင်ပင် သတိမထားမိပဲ ကျူးဆို့သားရဲကတော့ နာကျင်မှုအနည်းငယ်ခံစားလိုက်ရတာကြောင့် အော်ငြီးလိုက်ပြီး ဒေါသပိုကြီးလာတော့သည်၊
ကျူးဆို့သားရဲဟာ ဖရစ်ဖေးလ်သားရဲကို လက်သည်းများနဲ့လှမ်းကုတ်လိုက်ပေမယ့် ဖရစ်ဖေးလ်ကရှောင်လိုက်သည်၊ကျူးဆို့သားရဲကသာ တောက်လျှောက်တိုက်ခိုက်နေပေမယ့် ဖရစ်ဖေးလ်ဟာ ရှောင်ရုံသာရှောင်ပြီးတော့ ဘာမှပြန်မလုပ်တာကြောင့် ကျူးဆို့သားရဲက ပိုမိုကာဒေါသကြီးလာတော့သည်၊