Chapter-104
3K 450 4
Zawgyi
အန်ဒီးယားရဲ့ကျော်ကြားမှုက ဒန်နာရီနဲ့ယှဉ်ရင်တော့ ဘာမှမဟုတ်ပေ၊အန်ဒီးယားကျော်ကြားလာခြင်းတစ်ပိုင်းတစ်စက ရေခဲဘုရင်ဆရာလျူးဝစ်ကြောင့်ဖြစ်ပြီး အန်ဒီးယားရဲ့စွမ်းရည်က ကောင်းပေမယ့် ဒန်နာရီတို့အဖွဲ့နဲ့ယှဉ်ရင် ဘာမှမဟုတ်သေးပေ၊
ဒန်နာရီကလည်း ထိုကိစ္စနဲ့ပတ်သတ်ပြီးတော့ သိပ်ဂရုမစိုက်ပေ၊သူက ကျောင်းတော်ရဲ့စာကြည့်ဆောင်မှာ သူနားမလည်တဲ့အပိုင်းတွေ ဖတ်နေရင်းနဲ့ တစ်ခုခုကို တွေးမိသွားသည်၊
အတိတ်ကအတိုင်းဆိုရင် သူက ကျောင်းတော်ရဲ့လက်ရုံးတော်ကျောင်းတွေထဲက တောင်ပိုင်းကျောင်းတော်မှာ တက်နေရပြီး ဆရာရေးနက်စ်နဲ့တွေ့ဆုံရမှာဖြစ်ပေမယ့် ကံကြမ္မာပြောင်းလဲပြီးတော့ ကုန်းတိုက်ကြီးရဲ့အကောင်းဆုံးမှော်ကျောင်းတော်ကို ရောက်ရှိလာခဲ့ပြီပဲ၊ဒါကြောင့် အတိတ်ဘဝက သူ့အပေါ် ကောင်းခဲ့တဲ့ဆရာရေးနက်စ်ကို သတိရမိသည်၊ဒီချိန်မှာ ပြန်တွေ့ဆုံရင်တောင် သူနဲ့ဆရာရေးနက်စ်က သူစိမ်းတွေလိုပဲ ဖြစ်နေမှာပဲ၊
'သူ့ရဲ့ကံကြမ္မာက ပြောင်းလဲသွားပေမယ့် သူ့ရဲ့ရန်သူတွေကတော့ ရှင်သန်နေတုန်းပဲ'
ဒန်နာရီက ထိုအကြောင်းတွေကို တွေးတာကိုရပ်တန့်လိုက်ပြီး အတိတ်ဘဝတုန်းက သူမလေ့လာခဲ့ရတဲ့မှော်အစီအရင်တွေနဲ့ပတ်သတ်ပြီးတော့ ဖတ်ရှုနေတော့သည်၊
သူ့မိခင်ရဲ့စာအုပ်ထဲမှာ ပိုစုံလင်နေပေမယ့် တစ်ချို့သောမှော်အစီအရင်တွေက အဆင့်မြှင့်မားလွန်းတာကြောင့် သူအသုံးပြုဖို့ အဆင်မပြေလှပေ၊ဒါကြောင့် ကျောင်းတော်ရဲ့စာကြည့်တိုက်ထဲမှာ သာမန်အဆင့်မြှင့်မှော်အစီအရင်ရေးဆွဲနည်းတွေနဲ့ပတ်သတ်ပြီး လေ့လာနေခြင်းဖြစ်သည်၊
ဒန်နာရီ လေ့လာနေရင်း အချိန်တွေက တစ်ဖြည်းဖြည်းကုန်ဆုံးလာတော့သည်၊ညနေစောင်းအချိန်ရောက်ချိန်မှာတော့ အန်းတိုလ်က ရောက်လာတော့သည်၊
"အီရှက ငါတို့ကို ပြောစရာရှိလို့တဲ့" အန်းတိုလ်စကားကြောင့် မနေ့က ကိစ္စကို သတိရသွားတော့သည်၊ဒါကြောင့် ဒန်နာရီလည်း စာအုပ်တွေကိုပြန်အပ်လိုက်ပြီး အန်းတိုလ်နဲအတူ အီရှရဲ့အဆောင်ကို ထွက်လာတော့သည်၊