Zawgyi
ကျောင်းတော်ကို သွားရန်အတွက် ကျောင်းတော်က အကြီးအမှူးတွေရဲ့အကူအညီကို လိုအပ်ကြပြီး ကျောင်းတော်ကို အခြားနည်းနဲ့တိုက်ရိုက်ဝင်ရန် မလွယ်ကူကြပေ။ဘာလို့လဲဆိုတော့ မှော်အဖွဲ့အစည်းရဲ့ကျောင်းတော်ဟာ အန္တရာယ်တွေနဲ့ပြည့်သိပ်နေတဲ့မိုင်နိုးရက်စ်တောကြီးရဲ့အလယ်မှာတည်ဆောက်ထားခြင်းဖြစ်သည်၊ဒါဟာ ထိုကျောင်းတော်က ကျောင်းသားတွေကို လေ့ကျင့်ပေးနိုင်ရုံသာမက တကယ့်တိုက်ပွဲဆိုတာ ဘာလဲသိအောင်ပြသပေးသည်၊
ဒန်နာရီတို့အဖွဲ့ဟာ တောအုပ်အပြင်ဘက်ကွင်းပြင်ဘက်ကိုရောက်လာတော့သည်၊နီကိုးလ်(မ်)ဟာ ပါလာတဲ့အဖွဲ့ဝင် ဆယ်ယောက်ကျော်ကိုကြည့်လိုက်သည်၊ထို့နောက်မှာ သူဟာ ကျောင်းတော်မှာသတ်မှတ်ထားတဲ့စည်းမျဉ်းတစ်ခုကို ပြောပြတော့သည်၊
"ကျောင်းတော်ကို ဝင်ဖို့ နောက်ဆုံးအဆင့်က ဒီတောအုပ်ကို ကိုယ်ပိုင်အစွမ်းအစနဲ့ဖြတ်သန်းနိုင်ဖို့ပဲ..."
နီကိုးလ်(မ်)စကားကြောင့် အကုန်လုံးဟာ ထိတ်လန့်သွားတော့သည်၊သူတို့ဟာ အထက်တန်းလွှာကသခင်လေးတွေ၊သခင်မလေးတွေဖြစ်တာကြောင့် တောအုပ်ထဲက အန္တရာယ်ကိုသေချာနားမလည်ကြပေမယ့် စာတွေ့ရှိတာကြောင့် ဘယ်လောက်ကြောက်ဖို့ကောင်းလဲဆိုတာတော့သိကြသည်၊
"ကျွန်တော်တို့က အကြီးအမှူးတွေကရွေးချယ်ထားတဲ့ပါရမီရှင်တွေပဲလေ...ကျွန်တော်တို့အသက်ကို ထိခိုက်စေတာက ကျောင်းတော်အတွက် ထိခိုက်မှုတစ်ခုပဲလေ" လူငယ်တစ်ဦးဟာ ထိုစကားကိုပြောတော့ တစ်ချို့ကလည်းထောက်ခံကြသည်၊
နီကိုးလ်(မ်)ဟာ ရယ်လိုက်ပြီး ပြောလိုက်သည်၊
"ကျောင်းတော်မှာ မင်းတို့ထက် ပိုတော်တဲ့ကျောင်းသားတွေရှိပြီးသားပဲ သူတို့ကလည်း ကျောင်းတော်ထဲကို မဝင်ခင်မှာ အခုလိုပဲ ဖြတ်သန်းရတာပဲ"
"ရှင်းရှင်းပြောရရင် မင်းတို့ရဲ့ပါရမီက သာမန်ပါပဲ"
နီကိုးလ်(မ်)စကားကြောင့် ထိုလူငယ်ဟာရှက်ရွံ့သွားတော့သည်၊ထိုချိန်မှာပဲ သူတို့အနီးနားမှာ မှော်စွမ်းအား အတက်အကျဖြစ်ပေါ်လာပြီး အဖွဲ့တစ်ဖွဲ့ပြီးတစ်ဖွဲ့ပေါ်လာတော့သည်၊
YOU ARE READING
FantasyStarted date: 10.8.2021 End date: 1.3.2023 Own Creation Season-1 (The End) သူ့ချစ်သူက သူ့အပေါ် သစ္စာဖောက်ခဲ့တယ်... သူ့သက်တော်စောင့်ကလည်း သူ့အပေါ် နောက်ကျောဓားထိုးခံတယ်... သူရဲ့မိသားစုကလည်း သူအပေါ် မိသားစုတစ်ယောက်လို မဆက်ဆံခဲ့ဘူး... သူရဲ့ပညာတွေ .သူရ...